Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းနေရပ်စွန့်ခွာသူများကို နိုင်ငံတကာက ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေး မြန်မာသံအမတ် ကြီး ကုလ၌ တောင်းဆို

အဆိုပါစာရင်းတွင် အမျိုးသမီးများနှင့် ကလေးငယ်များစွာပါဝင်ပြီး ၎င်းတို့ကို ပြည်တွင်းနေရပ် စွန့်ခွာသူများဖြစ်စေရန်အတွက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေကြောင်း သံအမတ်ကြီးက ပြောသည်။

မုံရွာ-မန္တ​လေးလမ်းတစ်​လျှောက် စစ်ကောင်စီတပ်ကားများကိုPDFများမိုင်းဆွဲတိုက်ခိုက် ထိခိုက်​သေဆုံးမှုများ
မုံရွာ-မန္တ​လေးလမ်းတစ်​လျှောက် စစ်ကောင်စီတပ်ကားများကိုPDFများမိုင်းဆွဲတိုက်ခိုက် ထိခိုက်​သေဆုံးမှုများ

ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေး ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက နည်းလမ်းများရှာဖွေအကြံပေးရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် တရားမဝင်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူမဆန်သောလုပ်ရပ်များကြောင့် နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ပြည်တွင်းနေရာ အနှံ့အပြားတွင် ပြည်တွင်း နေရပ်စွန့်ခွာသူအမြောက်အမြားဖြစ်ပေါ်လာစေကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂ၌ ပြောသည်။ ယမန်နေ့က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေးမြှင့်တင် ကာကွယ်ရေးဘာသာရပ်အောက်၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်ကိုကျင်းပရာ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထူးအစီရင်ခံစာတင်သွင်းသူ တစ်ဦးအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ၎င်းတို့၏ နေအိမ်များသို့ ပြန်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်စွာ ဆောင်ရွက် နိုင်ရေးနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ လိုအပ်နေသည့် ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်ရေးအတွက် အကြံပြုပေးပါရန် ပြောကြားခဲ့သည်။

ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ ရိုဟင်ဂျာ (၃) သိန်းကျော် အပါအဝင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၁.၃ သန်းကျော်ရှိပြီး အာဏာသိမ်းမှုနောက်ပိုင်း လပေါင်း (၂၀) အတွင်းတွင်ပင် ပြည်တွင်း နေရပ်စွန့်ခွာသူ (၉၈၆,၅၀၀) ဦးကျော်ရှိလာသည်။

Public Service Announcement

Public Service Announcement

အဆိုပါစာရင်းတွင် အမျိုးသမီးများနှင့် ကလေးငယ်များစွာပါဝင်ပြီး ၎င်းတို့ကို ပြည်တွင်းနေရပ် စွန့်ခွာသူများဖြစ်စေရန်အတွက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေကြောင်း သံအမတ်ကြီးက ပြောသည်။

ပြည်တွင်းနေရပ်စွန့်ခွာနေရသူအမျိုးသမီးနှင့် ကလေးငယ်များသည် စားနပ်ရိက္ခာနှင့် အာဟာရ မပြည့်ဝမှု၊ မသန့်ရှင်းမှုနှင့် ခိုလှုံရန်နေရာများ စသည့်အခက်အခဲများစွာကို ရင်ဆိုင်နေရသည့်အပြင် စစ်တပ်က နေရပ်စွန့်ခွာသူများ၏ အခြေခံအခွင့်အရေးများကို မကြာခဏထိပါးချိုးဖောက်နေကြောင်း အစီရင်ခံသည်။

ယင်းအခြေအနေများကို ထိရောက်စွာ အရေးယူကိုင်တွယ်ဆောင်ရွက်ခြင်း မရှိပါက ပြည်တွင်းနေရပ်စွန့်သူ အမျိုးသမီးများနှင့် ကလေးငယ်များသည် လူကုန်ကူးမှု၏ အဓိကသားကောင်များ ဖြစ်လာမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်းလည်း သံအမတ်ကြီးက သတိပေးသည်။

အထူးအစီရင်ခံစာတင်သွင်းသူအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ တို့မှ ထုတ်ပြန်ချက်များ ထုတ်ပေးသည့်အပေါ် မိမိတို့အနေဖြင့် ကျေးဇူးတင်သော်လည်း ယခုကဲ့သို့ ပျက်စီးယို့ယွင်းလျက်ရှိသည့် အခြေအနေအတွက် ထုတ်ပြန်ချက်များ ထုတ်ပြန်ပေးရုံမျှဖြင့် လုံလောက်မှုမရှိတော့ဘဲ ထိရောက်မှုရှိသော လက်တွေ့လုပ်ဆောင်ချက်များကသာ မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေကို အကာအကွယ်ပေးနိုင်မည်ဟု သံအမတ်ကြီးက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ဖွဲ့စည်းမှုကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ အသိပေးပြောကြားပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။