Connect with us

Hi, what are you looking for?

သတင်း

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးကို ဂွမ်ဂျူးမြို့တော်ဝန် လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက တောင်ကိုရီးယား၏ စစ်အာဏာရှင် ဂျွန်ဒူးဝမ်ကို တွန်းလှန်ခဲ့သည့် ၁၉၈၀ ပြည့် ဂွမ်ဂျူး ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုသမိုင်းကို ကောင်းစွာသိရှိပြီး စံနမူနာယူကာ အတုယူလေ့လာမိကြောင်း ပြောသည်။

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးကို ဂွမ်ဂျူးမြို့တော်ဝန် လက်ခံတွေ့ဆုံ
NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးကို ဂွမ်ဂျူးမြို့တော်ဝန် လက်ခံတွေ့ဆုံ

▪️ဂွမ်ဂျူးမြို့တော်ဝန်က NUGကို အသိအမှတ်ပြုထောက်ခံကြောင်းပြော

တောင်ကိုးရီးယား၏ အထင်ကရ ဒီမိုကရေစီမြို့ ဂွမ်ဂျူးမြို့တော်ဝန်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ၀န်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းကို ယနေ့လက်ခံတွေ့ဆုံကြောင်း ယင်းနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

NUG ပြည်ထောင်စုဝန်ကြီးသည် တောင်ကိုရီးယား၌ ပြုလုပ်မည့် နိုင်ငံတကာနှင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီရေးရာဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး ဂွမ်ဂျူးမြို့တော်ဝန် Mr. Kang Gi Jung က မြို့တော်ဝန်ရုံးခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားအစိုးရသာမက တောင်ကိုရီးယားပြည်သူများသည်လည်း မြန်မာ့နိုင်ငံရေးအခြေအနေကို သိရှိထားပြီး စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံသားများ၏ ခံစားချက်ကို နားလည်ကြောင်းနှင့် တောင်ကိုရီးယားအစိုးရသည် နွေဦးတော်လှန်ရေးဆင်နွှဲနေသည့် မြန်မာပြည်သူများကို အစဥ်အားပေးနေမည်ဖြစ်ကြောင်း ဂွမ်ဂျူးမြို့တော်ဝန်က ပြောကြားသည်ဟု NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိနိုင်စေရေးအတွက် အစွမ်းကုန် ကူညီပံ့ပိုးသွားမည်ဖြစ်ပြီး ၎င်း၏ ပုဂ္ဂိုလ်ရေးအားဖြင့် NUG အစိုးရကို အသိအမှတ်ပြုထောက်ခံနေကြောင်းလည်း Mr. Kang Gi Jung က ပြောသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးကို ဂွမ်ဂျူးမြို့တော်ဝန် လက်ခံတွေ့ဆုံ
NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးကို ဂွမ်ဂျူးမြို့တော်ဝန် လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက တောင်ကိုရီးယား၏ စစ်အာဏာရှင် ဂျွန်ဒူးဝမ်ကို တွန်းလှန်ခဲ့သည့် ၁၉၈၀ ပြည့် ဂွမ်ဂျူး ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုသမိုင်းကို ကောင်းစွာသိရှိပြီး စံနမူနာယူကာ အတုယူလေ့လာမိကြောင်း ပြောသည်။

ထို့အပြင် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကို အစဉ်ထောက်ခံအားပေးမှုများအတွက် ကိုရီးယားအစိုးရနှင့် ပြည်သူပြည်သားများကိုလည်း အထူး ကျေးဇူးတင်ကြောင်း ဆက်လက်ပြောသည်။

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးကို ဂွမ်ဂျူးမြို့တော်ဝန် လက်ခံတွေ့ဆုံ
NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးကို ဂွမ်ဂျူးမြို့တော်ဝန် လက်ခံတွေ့ဆုံ

ယင်းနောက် တောင်ကိုရီးယားအစိုးရနှင့် NUG အစိုးရကြား အတူတကွ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် အဓိက လိုအပ်သည့် အကူအညီများကို မြို့တော်ဝန်နှင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အကျယ်တဝင့် မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။