ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်လေးဦး ကျဆုံး
ချင်းအမျိုးသားတပ်ဦး(CNF/CNA) အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁၃ရက်မှ ၁၈ရက်အတွင်း စစ်ကောင်စီတပ်မှ ၂၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း CNFက ယနေ့ သတင်းထုတ်ပြန်သည်။
ဟားခါး – ထန်တလန်ကြားသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ အောက်တိုဘာ ၁၃ ရက် က၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဟားခါးမြို့အနီး၊ မြို့တွင်းနှင့် သီတာကျေးရွာအနီးတို့တွင် ယနေ့ (အောက်တိုဘာ ၁၉ရက်)အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ထုတ်ပြန်သည်။
ထန်တလန်မှ စစ်ကူလာသည် အင်အား ၄၀ခန်ပါ စစ်ကြောင်းကိုလည်း ပူးပေါင်းတပ်ဖွဲ့က ကြားညှပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၅ဦး ထက်မနည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ CNA တပ်သား သုံးဦး ၊ ဟားခါး CDF တပ်သား တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement
စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အထူးတပ်ဖွဲ့၊ ထန်တလန်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ CDF – Zophei၊ CDF- Lautu၊ CDF-Mara၊ CDF-Hakha တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


















































