Connect with us

Hi, what are you looking for?

သတင်း

ခလရ-၁၄ မှ ဒုတပ်ရင်းမှူးကို တပ်သားတစ်ဦးက ပစ်သတ်မှုဖြစ်ပွားခဲ့ဟု CDM တပ်သားနှစ်ဦးပြော

တပ်တွင်း၌ အုပ်ချုပ်မှုလျော့နည်းမှုကြောင့် ဖြစ်ပြီး ထွက် ပြေးနေသူများပြားကြောင်း၊ ၎င်းတို့နှစ်ဦး မပြေး မီ နာရီပိုင်းအတွင်းပင် တပ်သားတစ်ဦးအရင်ပြေးခဲ့ကြောင်း CDM တပ်သားနှစ်ဦးက ထွက်ဆိုသည်။

(CDM ပြုလုပ်လာသည့် တပ်သားနှစ်ဦးအား တွေ့ရစဉ်)
(CDM ပြုလုပ်လာသည့် တပ်သားနှစ်ဦးအား တွေ့ရစဉ်)

တပ်မ(၆၆)လက်အောက်ခံ ခလရ -၁၄မှ ဒုတပ်ရင်းမှူးကို လက်အောက်ခံတပ်သားက ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း CDM ပြုလုပ်လာသည့် တပ်သားနှစ်ဦးက ပြောသည်။

အဆိုပါ CDM တပ်သားနှစ်ဦးမှာ ခလရ- ၁၄ တပ်မှ ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်တွင် ဖယ်ခုံမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ် ၊ တပ်ရင်း(၂)သို့ CDM ပြုလုပ်ရောက်ရှိလာစဉ် ပြောကြားခြင်းခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦလုံးသည် သင်တန်းဆင်းပြီး လုပ်သက်တစ်လကျော်သာရှိသေးသော တပ်သား သစ်များဖြစ်ပြီး ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) က ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း အသိပေးသည်။

ဒုတပ်ရင်းမှူးပစ်သတ်ခံရသည့်ဖြစ်စဥ်မှာ လွိုင် ကော်ခရိုင်၊ပီကင်းကောခူကျေးရွာတွင် လွန်ခဲ့ သော ၁၅ ရက်ခန့်က ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ခလရ-၁၄ တပ်မှ ဒုတပ်ရင်းမှူးကို တပ်သားတစ်ဦးက ပစ်သတ်ပြီး ပစ်ခတ်ခဲ့သည့် တပ်သားလည်း ကိုယ့်ကိုယ်ကိုသေနတ်ဖြင့် ပစ်အဆုံးစီရင် သွားသောကြောင့် ဒုတပ်ရင်းမှူး၏အလောင်းကို မိုးဗြဲ (၄၂၂)တပ် သရက်တောကင်းမှ ပြည်သူ့စစ် နှင့် စစ်ကောင်စီတပ်တို့က တဆင့်လာသယ်ပေးပြီး နေပြည်တော်သို့သယ်ယူသွားကြောင်း”ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂)က ဖော်ပြသည်။

တပ်တွင်း၌ အုပ်ချုပ်မှုလျော့နည်းမှုကြောင့် ဖြစ်ပြီး ထွက် ပြေးနေသူများပြားကြောင်း၊ ၎င်းတို့နှစ်ဦး မပြေး မီ နာရီပိုင်းအတွင်းပင် တပ်သားတစ်ဦးအရင်ပြေးခဲ့ကြောင်း CDM တပ်သားနှစ်ဦးက ထွက်ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်နှင့်အတူ CDM လုပ်လာသူများကိုလိုအပ်သည့် အကူအညီများပေးသွားမည်ဖြစ်ပြီး အနည်းဆုံး သိန်း၅၀ ပေးမည်ဖြစ်ကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်၊တပ်ရင်း (၂)က ပြောသည်။

ထို့အပြင် ယခုလ ၁၆ ရက် နံနက် ၃ နာရီခန့်ကဖယ်ခုံ -မိုးဗြဲ -လွိုင်ကော် လမ်းမကြီးပေါ်တွင် ဖယ်ခုံမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်၊တပ် ရင်း (၂)၊ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် ၊တပ်ရင်း (၃)ပူးပေါင်းအဖွဲ့က စစ်ကြောင်း ထိုးလာသောစစ်ကောင်စီတပ်ကို ကြားဖြတ်တိုက် ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေ ဆုံးပြီး MA 1 သေနတ်တစ်လက် နှင့်လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ သီးခြားဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။