Connect with us

Hi, what are you looking for?

သတင်း

လိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်ကို​ ရွှေတိဂုံဘုရားယူလာ၍ မယ်တော်အသက်သွင်းပွဲပြုလုပ်ခြင်းအ​ပေါ်ပြည်သူများပြင်းထန်စွာ​ဝေဖန်

(ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်း၌ အဆိုပါလိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်အား ရင်ငွေ့လှုံအသက်သွင်းခြင်းအခမ်းနားပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-Facebook Vial)
(ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်း၌ အဆိုပါလိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်အား ရင်ငွေ့လှုံအသက်သွင်းခြင်းအခမ်းနားပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-Facebook Vial)

လိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်ကိုရန်ကုန်မြို့၊ ရွှေတိဂုံဘုရား သိင်္ဂုတ္တရကုန်းသို့ယူ​ဆောင်လာ၍ မယ်တော်အဖြစ်ရင်​ငွေ့ခိုလှုံစည်ဆိုကာအသက်သွင်းပွဲပြုလုပ် ခြင်းအ​ပေါ် ပြည်သူများက အပြင်းအထန်​ဝေဖန်​နေကြသည်။

နိူင်ငံတကာတွင်လိင်​ဖျော်​ဖြေ​ရေးအရုပ်အဖြစ်အသုံးပြု​နေ​​သောအရုပ်နှစ်ရုပ်ကိုလောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီအထက်ဂိုဏ်းချုပ်ကြီးဆိုသူက တစ်ရုပ်လျှင် ဒေါ်လာ၂၄၀ဝ ဖြင့် ဝယ်ယူခဲ့ကြောင်း၊ လူအစစ်နှင့်တူ၍ နည်းပညာကိုကြည့်ကာ မှာယူခဲ့ခြင်းဖြစ်ကြောင်း၎င်း၏ ​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။ ထိုသူကဦး​ဆောင်၍ ယနေ့ (အောက်တိုဘာ၂၂ ရက်)နံနက်ပိုင်းက ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်း၌ အဆိုပါလိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်အား ရင်ငွေ့လှုံအသက်သွင်းခြင်းအခမ်းနားပြုလုပ်သွားခဲ့ပြီး ထိုင်ကန်တော့သူများပင် ရှိခဲ့ကြောင်း အဆိုပါပွဲ၏ ဓါတ်ပုံများတွင်​တွေ့ရသည်။

(ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်း၌ အဆိုပါလိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်အား ရင်ငွေ့လှုံအသက်သွင်းခြင်းအခမ်းနားပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-Facebook Vial)
(ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်း၌ အဆိုပါလိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်အား ရင်ငွေ့လှုံအသက်သွင်းခြင်းအခမ်းနားပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-Facebook Vial)

“Sex Doll ကို ရွှေတိဂုံထိ သယ်သွားပြီး ဘာမယ်တော် ညာမယ်တော်တွေနာမည်ပေးပြီး သာသနာဖျက်နေပြီနော်။ မယ်သီလရှင်တွေ ဘုန်းကြီးတွေပါ ထိုင် ကန်တော့နေတာ။

အစကတော့ ရယ်စရာပဲ။ခုက သာသနာညှိုးနွမ်းစေတာ။ ဂေါပကတွေကလည်း ထဘီလေး နည်းနည်းတိုရင်တော့ ထပြောပြီး ခုကျ ကြည့်ကောင်းကောင်းနဲ့ကြည့်နေတယ်။”ဟု ပြည်သူတစ်ဦးကလည်း လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ရွှေတိဂုံဘုရားဂေါပကအဖွဲ့သည် ဘောင်းဘီအတို၊ အရှည်ဖြင့်ပင် ဘုရားပေါ်သို့တက်ခွင့်မပြုရာ ယခုကဲ့သို့ လိင်ဖျော်ဖြေရေးအရုပ်များ ဘုရားပေါ်ရောက်လာ၍ စစ်​ကောင်စီ၏ ဂေါပကအဖွဲ့ ကိုလည်း ပြည်သူများက ဝေဖန်​နေကြသည်။

“ဆီလီကွန် မိန်းမအရုပ်ကို မယ်တော်ပုံဖမ်းကိုးကွယ်တာ မင်းတို့ကိစ္စ ရွှေတိဂုံဆံတော်ရှင်စေတီတော်မြတ်ကြီးထိ ရင်ငွေ့လှုံဖို့သယ်လာတာတော့ ငါတို့ ကိစ္စဖြစ်ပြီ။ဒီအရုပ်တွေတင် မကဘူး သာသနာအဆုံးမမှာမရှိတဲ့ဘယ်အရုပ်မှတင်ခွင့်ကို မရှိတာ။ သာသနာရေးဌာနကဘာလဲ ဘောင်းဘီတိုနေရင်တောင် နပန်းလုံးမတတ်လိုက်ဆွဲ ဘောင်းဘီအရှည်ဆို အထက်ပစ္စယံတက်ခွင့်မရှိဘူးတဲ့ sex doll ကတော့ ဝတ္တ

ကမြေထဲ ခြိမ့်ခြိမ့်သဲလုပ်နေတာ။ ထေရ်ရဝါဒဗုဒ္ဓသာသနာအထွဋ်မြတ်နယ်မြေမှာရှက်စရာကောင်းလှပါတယ်။”ဟု ပြည်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်​ကောင်စီအာဏာသိမ်းပြီး​နောက် စီးပွား​ရေးအပါအဝင် ကဏ္ဍာ​​ပေါင်းစုံ၌ အဖက်ဖက်ကကျဆင်းလာကာ ပြည်သူများပိုမိုကြပ်တည်းခက်ခဲလာချိန်တွင်လိမ်လည်သူများပိုများလာ​ကြောင်းလည်းပြည်သူအချို့က​ပြောသည်။

(ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်း၌ အဆိုပါလိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်အား ရင်ငွေ့လှုံအသက်သွင်းခြင်းအခမ်းနားပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-Facebook Vial)
(ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်း၌ အဆိုပါလိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်အား ရင်ငွေ့လှုံအသက်သွင်းခြင်းအခမ်းနားပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-Facebook Vial)

“စစ်​ကောင်စီက သူ့လူတချို့ကို ပြည်သူ​တွေအာရုံစိုက်​မှုရအောင်ရူးရူးနှမ်းနှမ်းအလုပ်​တွေလုပ်ခိုင်းပြီး. ပြီးမှသူတို့က ​ဖြေရှင်းတယ်၊ဘာသာ သာသနာသန့်ရှင်း​ရေးအတွက်အ​ရေးယူပြတယ်ဆိုတာမျိုးလုပ်ချင်လို့ ဇာတ်လမ်းဆင်တာ​တောင်ဖြစ်ရင်ဖြစ်​နေမှာ ။ အခုနိုင်ငံအနှံ့မှာ​တော်လှန်​ရေးအရှိန်မြှင့်လာတာ​မို့ ပြည်သူ​တွေကို​​တော်လှန်​ရေးဘက်အာရုံမ​ရောက်​အောင် အာရုံ​ပြောင်းတာ​တွေထဲကတစ်ခု​လည်းဖြစ်နိုင်တယ် ။ သူတို့ကအမြဲအဲလိုလုပ်တာ ။ဘယ်သူ​တွေ​ပေါက်ကရလုပ်​နေလဲတစ်ချက်ကြည့်ပြီး သိပြီဆိုရင် ပြည်သူ​တွေအဲကိစ္စအတွက်အချိန်ကုန်မခံဘဲ ပိုအ​ရေးကြီးတဲ့​​တော်လှန်​ရေးမှာပိုအာရုံစိုက်​စေချင်တယ်။အရူး​​တွေအတွက်အချိန်ကုန်မခံကြပါနဲ့ “ဟု ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။