Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် “အရေးတော်ပုံအောင်ရမည်”ဘန်နာဖြင့် လူထုလှုံ့ဆော်မှုပြုလုပ်

ရွှေတိဂုံဘုရားတွင် စစ်ကောင်စီ၏ လုံခြုံရေးအထပ်ထပ်၊ အန္တရာယ်အထပ်ထပ်ကြားမှ လှုပ် ရှားလုပ်ဆောင်ရခြင်းအတွက် ဓာတ်ပုံမှတ်တမ်းပြည့်စုံစွာ မရရှိမှုအပေါ် နားလည်ပေးရန်လည်း လူထုအား YRF က မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

ဓာတ်ပုံ - Yangon Revolution Force
ဓာတ်ပုံ - Yangon Revolution Force

ရန်ကုန်မြို့ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် ယနေ့ (အောက်တိုဘာ ၉)သီတင်းကျွတ် လပြည့်နေ့၌ တော်လှန်လူငယ်များက “အရေးတော်ပုံ အောင်ရမည်“ စာသားပါ ဘန်နာကိုင်ဆောင်၍ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ယင်းလူထုလှုပ်ရှားမှုကို Yangon Revolution Force – YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ရွှေတိဂုံဘုရားရင်ပြင် ၊ မုခ်ဦးနှင့် ဂိတ်ဝများတွင် စစ်ကောင်စီဝင်များ အင်အားတိုးချဲ့နေသည့်ကြားမှ အရဲစွန့် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း YRF အဖွဲ့က ဆိုသည်။

ယခုကဲ့သို့ အများပြည်သူများအလယ်တွင် ကြိုးစားပုံဖော်ခဲ့ရခြင်းမှာ လူထုအားကို မုချ ယုံကြည်၍ ဖြစ်ပြီး တစ်နည်းအားဖြင့် လူထုအခြေပြု တော်လှန်နေသည့် “ဤအရေးတော်ပုံကြီး အောင်မှသာလျှင်“ ကျွန်ုပ်တို့အားလုံး၏ အိမ်မက်များ ၊ တောင်းဆုများ ပြည့်ဝမည်သာ ဖြစ်သည်ကို သတိချပ်စေသောကြောင့် ဖြစ်ကြောင်း YRF က ဖော်ပြခဲ့သည်။

ရွှေတိဂုံဘုရားတွင် စစ်ကောင်စီ၏ လုံခြုံရေးအထပ်ထပ်၊ အန္တရာယ်အထပ်ထပ်ကြားမှ လှုပ် ရှားလုပ်ဆောင်ရခြင်းအတွက် ဓာတ်ပုံမှတ်တမ်းပြည့်စုံစွာ မရရှိမှုအပေါ် နားလည်ပေးရန်လည်း လူထုအား YRF က မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

ကားလမ်းများပါ ရေကြီးရေလျှံမှု​ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဆိုးဆိုးရွားရွားဖြစ်ခဲ့ကြောင်း ခရီးသွားများကပြောသည်။

သတင်း

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးများ၊ ရပ်ကွက်ရုံးများကို ပြ​ည်သူ့ကာကွယ်ရေး ​တော်လှန်ရေးရဲဘော်များက မကြာခဏ ဆိုသလို ပစ်မှတ်ထားတိုက်ခိုက်လေ့ ရှိသည်။

ဗီဒီယို

ရွေတိဂုံဘုရား၌ ယနေ့နံနက်ကတည်းက ဘုရားဖူးလာရောက်သူများပြားခဲ့ပြီး ည ၇နာရီအချိန်ခန့်အထိ ရင်ပြင်တော်၌ ဘုရားဖူးတော်တော်များများတွေ့ခဲ့ရသည်။