Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် “အရေးတော်ပုံအောင်ရမည်”ဘန်နာဖြင့် လူထုလှုံ့ဆော်မှုပြုလုပ်

ရွှေတိဂုံဘုရားတွင် စစ်ကောင်စီ၏ လုံခြုံရေးအထပ်ထပ်၊ အန္တရာယ်အထပ်ထပ်ကြားမှ လှုပ် ရှားလုပ်ဆောင်ရခြင်းအတွက် ဓာတ်ပုံမှတ်တမ်းပြည့်စုံစွာ မရရှိမှုအပေါ် နားလည်ပေးရန်လည်း လူထုအား YRF က မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

ဓာတ်ပုံ - Yangon Revolution Force
ဓာတ်ပုံ - Yangon Revolution Force

ရန်ကုန်မြို့ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် ယနေ့ (အောက်တိုဘာ ၉)သီတင်းကျွတ် လပြည့်နေ့၌ တော်လှန်လူငယ်များက “အရေးတော်ပုံ အောင်ရမည်“ စာသားပါ ဘန်နာကိုင်ဆောင်၍ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ယင်းလူထုလှုပ်ရှားမှုကို Yangon Revolution Force – YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ရွှေတိဂုံဘုရားရင်ပြင် ၊ မုခ်ဦးနှင့် ဂိတ်ဝများတွင် စစ်ကောင်စီဝင်များ အင်အားတိုးချဲ့နေသည့်ကြားမှ အရဲစွန့် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း YRF အဖွဲ့က ဆိုသည်။

ယခုကဲ့သို့ အများပြည်သူများအလယ်တွင် ကြိုးစားပုံဖော်ခဲ့ရခြင်းမှာ လူထုအားကို မုချ ယုံကြည်၍ ဖြစ်ပြီး တစ်နည်းအားဖြင့် လူထုအခြေပြု တော်လှန်နေသည့် “ဤအရေးတော်ပုံကြီး အောင်မှသာလျှင်“ ကျွန်ုပ်တို့အားလုံး၏ အိမ်မက်များ ၊ တောင်းဆုများ ပြည့်ဝမည်သာ ဖြစ်သည်ကို သတိချပ်စေသောကြောင့် ဖြစ်ကြောင်း YRF က ဖော်ပြခဲ့သည်။

ရွှေတိဂုံဘုရားတွင် စစ်ကောင်စီ၏ လုံခြုံရေးအထပ်ထပ်၊ အန္တရာယ်အထပ်ထပ်ကြားမှ လှုပ် ရှားလုပ်ဆောင်ရခြင်းအတွက် ဓာတ်ပုံမှတ်တမ်းပြည့်စုံစွာ မရရှိမှုအပေါ် နားလည်ပေးရန်လည်း လူထုအား YRF က မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့ မှာ ညောင်ရေသွန်းပွဲပြုလုပ်တဲ့ အစဉ်အလာအရ ရွှေတိဂုံဘုရားရင်ပြင်ရဲ့ ထောင့်တွေမှာရှိတဲ့ ညောင်ပင်တွေကို ရေသွန်းလောင်းသူတွေစည်ကားခဲ့ပါတယ်။

သတင်း

မြန်မာ့နှစ်သစ် နှစ်ဆန်းတစ်ရက်မှာ ရွှေတိဂုံဘုရားကို လာရောက်ဖူးမြှော် ကုသိုလ်ယူကြသူများအားတွေ့ရစဥ်။

သတင်း

မန္တလေးမြို့မှာ သီတင်းကျွတ်ကာလ လပြည့်နဲ့ လပြည့်ကျော်တစ်ရက်နေ့တွေမှာ မီးပုံးပျံပျက်ကျလို့ လူနေအိမ် သုံးလုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်မို့ အညာဟာ ပူနွေးနေခဲ့တယ်။ အညာမြေ မန္တလေးတိုင်း၊ တောင်သာနယ်က ထန်းလက်မိုးထန်းလက်ကာ နေအိမ်လေးရှိတဲ့ ဝင်းကလေးထဲကို တောင်သာ PDF အဖွဲ့က တော်လှန်ရေး ရဲဘော်တွေ ဝင်လာခဲ့ကြတယ်။