Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနှင့် မြင်းမူနယ်ရှိ လမ်းပိုင်းအချို့ ယာယီပိတ်

အောက်တိုဘာ ၂၁ ရက်က မြိုင်မြို့နယ် လင်းကတောစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယာယီပိတ်ထားသည့် ရေစကြိုမြို့နယ်ရှိ အောင်မိုးလမ်းခွဲအား တွေ့ရစဥ်၊ဓာတ်ပုံ - Cj
ယာယီပိတ်ထားသည့် ရေစကြိုမြို့နယ်ရှိ အောင်မိုးလမ်းခွဲအား တွေ့ရစဥ်၊ဓာတ်ပုံ - Cj

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းရှိ လမ်းပိုင်းအချို့အား ဒေသကာကွယ်ရေးအဖွဲ့များက ယာယီပိတ်ထားလိုက်သည်။

ယနေ့(အောက်တိုဘာလ ၂၄ ရက်) နံနက်ပိုင်းမှစတင်ကာ ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲမှ မြိုင်မြို့နယ် လင်းကတော လမ်းပိုင်းအား ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် အိမ်စီးကားများ ခရီးသည်တင်ကားများအပါအဝင်မည်သည့်ကားမျှ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ဘဲ အရေးပေါ်သွားလာလိုလျှင် မော်တော်ဆိုင်ကယ်ဖြင့်သာ သွားလာကြပါရန်နှင့်အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးရန် ရေစကြို(ပကဖ)အဖွဲ့ကမေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၁ ရက်က မြိုင်မြို့နယ် လင်းကတောစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ထီးဆောင်း – အရာတော်လမ်းနှင့် မုံရွာ – မြင်းမူ – မန္တလေးလမ်းများအားအသုံးပြုခြင်းမပြုရန် GTR-MMU အဖွဲ့က မေတ္တာရပ်ခံသတိပေးထားသည်။

အဆိုပါ လမ်းပိုင်းများ၌လည်း စစ်ကောင်စီယာဥ်များဖြတ်သန်းသွားတိုင်း ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။