Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူ – မြိုင်လမ်းပိုင်း ဖြတ်သန်းခွင့်ယာယီပိတ်

ယမန်နေ့ကလည်း ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲနှင့် မြိုင်မြို့နယ် လင်းကတောလမ်းဆုံလမ်းပိုင်းကို ယာယီပိတ်ထားခဲ့သေးသည်။

ပခုက္ကူ-မြိုင်လမ်းတစ်နေရာအား တွေ့ရစဥ်(ပုံအဟောင်း)၊ဓာတ်ပုံ-Cj
ပခုက္ကူ-မြိုင်လမ်းတစ်နေရာအား တွေ့ရစဥ်(ပုံအဟောင်း)၊ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ စစ်ရေးအခြေအနေအရ ပခုက္ကူ – မြိုင်လမ်းမကြီးအား ဖြတ်သန်းခွင့်ယာယီပိတ်ထားလိုက်ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ပခုက္ကူ – မြိုင်လမ်းမကြီးအား ယနေ့(အောက်တိုဘာလ ၂၅ ရက်)မှစ၍ ယာယီပိတ်ထားလိုက်ပြီး လုံးဝဖြတ်သန်းခွင့်မပြုကြောင်း၊ လမ်းပြန်ဖွင့်မည့်သတင်းမထုတ်ပြန်မခြင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင်က သတိပေးသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဝက်ကျကျေးရွာအနောက်ဘက် ပခုက္ကူ-မြိုင် လမ်းမကြီးပေါ်တွင် ယာယီဂိတ်ဖွင့်၍ စစ်ဆေးနေကြောင်း၊ မလိုက်နာဘဲ ဖြတ်သန်းခဲ့၍ တစ်စုံတစ်ရာဖြစ်ပါက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင်က ထပ်မံ သတိပေးသည်။

ယမန်နေ့ကလည်း ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲနှင့် မြိုင်မြို့နယ် လင်းကတောလမ်းဆုံလမ်းပိုင်းကို ယာယီပိတ်ထားခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကားအစီးရေ ၁၀၀ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှ ထွက်လာပြီး မတ်လ ၂၃ရက်တွင် ကမ္မမြို့သို့ ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်မီ PDFများက စတင်တိုက်ခိုက်ခဲ့ကြသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ၁၃ ရက်) နံနက် ၇ နာရီခွဲခန့်က မြိုင်​မြို့နယ်၊ သရက်ကန်ပျုစောထီးကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ခန့်သို့ ကင်းပတ်ထွက်လာသော အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။