Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ – မြိုင်လမ်းပိုင်း ဖြတ်သန်းခွင့်ယာယီပိတ်

ယမန်နေ့ကလည်း ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲနှင့် မြိုင်မြို့နယ် လင်းကတောလမ်းဆုံလမ်းပိုင်းကို ယာယီပိတ်ထားခဲ့သေးသည်။

ပခုက္ကူ-မြိုင်လမ်းတစ်နေရာအား တွေ့ရစဥ်(ပုံအဟောင်း)၊ဓာတ်ပုံ-Cj
ပခုက္ကူ-မြိုင်လမ်းတစ်နေရာအား တွေ့ရစဥ်(ပုံအဟောင်း)၊ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ စစ်ရေးအခြေအနေအရ ပခုက္ကူ – မြိုင်လမ်းမကြီးအား ဖြတ်သန်းခွင့်ယာယီပိတ်ထားလိုက်ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ပခုက္ကူ – မြိုင်လမ်းမကြီးအား ယနေ့(အောက်တိုဘာလ ၂၅ ရက်)မှစ၍ ယာယီပိတ်ထားလိုက်ပြီး လုံးဝဖြတ်သန်းခွင့်မပြုကြောင်း၊ လမ်းပြန်ဖွင့်မည့်သတင်းမထုတ်ပြန်မခြင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင်က သတိပေးသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဝက်ကျကျေးရွာအနောက်ဘက် ပခုက္ကူ-မြိုင် လမ်းမကြီးပေါ်တွင် ယာယီဂိတ်ဖွင့်၍ စစ်ဆေးနေကြောင်း၊ မလိုက်နာဘဲ ဖြတ်သန်းခဲ့၍ တစ်စုံတစ်ရာဖြစ်ပါက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင်က ထပ်မံ သတိပေးသည်။

ယမန်နေ့ကလည်း ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲနှင့် မြိုင်မြို့နယ် လင်းကတောလမ်းဆုံလမ်းပိုင်းကို ယာယီပိတ်ထားခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။