Connect with us

Hi, what are you looking for?

သတင်း

ပုလဲ(ပအဖ)ရုံး လေကြောင်းစီးနင်းခံရမှု ပြည်သူ့အုပ်ချုပ်ရေးနှင့်ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိ

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ယမန်နေ့(အောက်တိုဘာ ၂၅ရက်) ညနေ ၄နာရီခန့်တွင် Mi 35 နှစ်စင်းဖြင့် အင်အားအများအပြားချပြီး စီးနင်းခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်တစ်စင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်တစ်စင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️ပျူစောထီးများနှင့် သုံ့ပန်းများသာ စစ်ကောင်စီဖမ်းစီးသွား‌ဟုဆို

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို စစ်ကောင်စီတပ် လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့်ကာကွယ်ရေးအဖွဲ့ဝင်များ တစ်ဦးမှမထိခိုက်ခဲ့ဘဲ ပျူစောထီးများနှင့် သုံ့ပန်းများသာ ဖမ်းမိသွား‌ကြောင်း ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

“သူတို့(စစ်ကောင်စီ) ဖမ်းသွားတဲ့သူတွေက ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပျူစောထီးတွေပါမယ်။ သုံ့ပန်းအချို့နဲ့ ခိုးဆိုးလုယက် တရားခံတွေ။ သူတို့ လေကြောင်းကနေ လူမချခင် ကျွန်တော်တို့ ရှောင်နိုင်ခဲ့ကြတယ်”ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ယမန်နေ့(အောက်တိုဘာ ၂၅ရက်) ညနေ ၄နာရီခန့်တွင် Mi 35 နှစ်စင်းဖြင့် အင်အားအများအပြားချပြီး စီးနင်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များထံမှ လေကြောင်းသတိပေးချက် ချက်ချင်းရ၍ ပြည်သူ့အုပ်ချုပ်ရေးရုံး တာဝန်ရှိသူများက ဖမ်းဆီးထားသည့် ပျူများနှင့် သုံ့ပန်းများပါ ကားတစ်စီး၊ သုံးဘီးတစ်စီးဖြင့် တိမ်းရှောင်ခဲ့ကြသည်။ သို့သော် ပျူစောထီးများနှင့် သုံ့ပန်းများလိုက်ပါလာသည့် သုံးဘီးသည် စစ်ကောင်စီစစ်ကြောင်းနှင့် တိုးပြီး အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပအဖ‌(ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့)တွေရော၊ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)တွေရော၊ ပလဖ(ပြည်သူ့လုဲခြုံရေးအဖွဲ့)တွေပါ တစ်ယောက်မှ အဖမ်းမခံရဘူး”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဖြေကြားသည်။

“မအလ အယုတ်တမာတွေလို ပုလဲ(ပအဖ)၊( ပကဖ)က ထင်ရာမြင်ရာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်သလိုမျိုး မလုပ်ဘူး။ ပျူတွေကိုလည်း လူ့အခွင့်အရေးနဲ့အညီ တရားစီရင်ရေး၊ ဆေးစောက်ရှောက်မှုအပြည့်အပြင် ဝန်ထမ်းများနဲ့အတူ စားသောက်တာကစလို့ အပြည့်ဝပေးထားပြီး လူသားတစ်ယောက်ရဲ့ အခွင့်ရေးကို ပြည့်ပြည့်ဝဝကောင်းမွန်စွာ နေထိုင်စေခဲ့ခြင်းဖြစ်တယ်။ တချို့ အချုပ်သားများက လူသတ်မှု၊ ခိုးမှုများပါ ရှိနေလို့ အချုပ်ခန်းမှာထည့်ထားခြင်းဖြစ်တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ‌ပြောသည်။

စစ်ကောင်စီတပ်ဖမ်းဆီးသွားသော ပျူစောထီးနှင့် စစ်သုံ့ပန်းအရေအတွက်မှာ ၁၂ဦးထက်မနည်းရှိသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သည် ယနေ့(အောက်တိုဘာလ ၂၆ရက်) နံနက်အထိ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးနေရာတွင် တပ်စွဲထားဆဲဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။