Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းပြန် ရဲဘော်များအနားမယူဘဲ စစ်ရေးလေ့ကျင့်နေဟု မိုးဗြဲ PDF ပြော

မိုးဗြဲမြို့တွင် တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ခြေမှုန်းနိုင်ရန်နှင့်ပြည်သူလူထုကိုကာကွယ်ရေးအဆင်သင့်ဖြစ်နေရန် ကြိုးစားနေသည်ဟု ဆိုသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - MBPDF
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - MBPDF

စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ရဲဘော်များအပြင်းအထန်လေ့ကျင့်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(အောက်တိုဘာ ၂၆ရက်) အသိပေး ထုတ်ပြန်သည်။

“ရှေတန်းကင်းမှာ အလှည့်ကျစနစ်နဲ့တာဝန်ယူပြီး နောက်တန်းကိုပြန်လာတဲ့ ရဲဘော်တွေဟာအေးဆေးအနားမယူနိုင်သေးဘဲ လေ့ကျင့်နေတယ်ဆိုတာ အသိပေးတာပါ”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

မိုးဗြဲမြို့တွင် တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ခြေမှုန်းနိုင်ရန်နှင့်ပြည်သူလူထုကိုကာကွယ်ရေးအဆင်သင့်ဖြစ်နေရန် ကြိုးစားနေသည်ဟု ဆိုသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - MBPDF
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ – MBPDF

လက်ရှိမိုးဗြဲမြို့တွင် ထိတွေ့တိုက်ပွဲများ ငြိမ်သက်နေသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသည့် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စက်တင်ဘာလဆန်းပိုင်းကစ၍ အကြမ်းဖက်စစ်ကောင်စီက အင်အား ၃၀၀ခန့်အပါအဝင် သံချပ်ကာယာဥ်နှင့်တင့်ကားခြောက်စီး အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - MBPDF
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ – MBPDF

တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈၀ ဦးထက်မနည်းသေဆုံးကာ ၎င်းတို့ထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိခဲ့သည်။

အလားတူ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူ ခြောက်ဦးမှာလည်း စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်၍ ဆုံးပါးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။