Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှေ့တန်းပြန် ရဲဘော်များအနားမယူဘဲ စစ်ရေးလေ့ကျင့်နေဟု မိုးဗြဲ PDF ပြော

မိုးဗြဲမြို့တွင် တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ခြေမှုန်းနိုင်ရန်နှင့်ပြည်သူလူထုကိုကာကွယ်ရေးအဆင်သင့်ဖြစ်နေရန် ကြိုးစားနေသည်ဟု ဆိုသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - MBPDF
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - MBPDF

စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ရဲဘော်များအပြင်းအထန်လေ့ကျင့်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(အောက်တိုဘာ ၂၆ရက်) အသိပေး ထုတ်ပြန်သည်။

“ရှေတန်းကင်းမှာ အလှည့်ကျစနစ်နဲ့တာဝန်ယူပြီး နောက်တန်းကိုပြန်လာတဲ့ ရဲဘော်တွေဟာအေးဆေးအနားမယူနိုင်သေးဘဲ လေ့ကျင့်နေတယ်ဆိုတာ အသိပေးတာပါ”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

မိုးဗြဲမြို့တွင် တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ခြေမှုန်းနိုင်ရန်နှင့်ပြည်သူလူထုကိုကာကွယ်ရေးအဆင်သင့်ဖြစ်နေရန် ကြိုးစားနေသည်ဟု ဆိုသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - MBPDF
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ – MBPDF

လက်ရှိမိုးဗြဲမြို့တွင် ထိတွေ့တိုက်ပွဲများ ငြိမ်သက်နေသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသည့် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စက်တင်ဘာလဆန်းပိုင်းကစ၍ အကြမ်းဖက်စစ်ကောင်စီက အင်အား ၃၀၀ခန့်အပါအဝင် သံချပ်ကာယာဥ်နှင့်တင့်ကားခြောက်စီး အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - MBPDF
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ – MBPDF

တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈၀ ဦးထက်မနည်းသေဆုံးကာ ၎င်းတို့ထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိခဲ့သည်။

အလားတူ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူ ခြောက်ဦးမှာလည်း စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်၍ ဆုံးပါးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။