Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် နှစ်ဘာသာဂုဏ်ထူးဖြင့် ၁၀တန်းအောင်ခဲ့သည့် ရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်များသည် မိုင်းကွင်းထဲသို့မဝင်ဘဲ မိုင်းဆွဲရန် အသင့်စောင့်နေသည့် ရဲဘော်များ၏ နောက်ကျောမှရောက်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က အသိပေးသည်။

ကျဆုံးရဲဘော်အီးဇီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Moe Nyo Revolution Force
ကျဆုံးရဲဘော်အီးဇီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Moe Nyo Revolution Force

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးရဲဘော်များထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားရာ နှစ်ဘာသာဂုဏ်ထူးဖြင့် ၁၀တန်းအောင်ခဲ့သည့် ရဲဘော်တစ်ဦးကျဆုံးကခဲ့ရကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၄ရက် မွန်းလွဲပိုင်းက မြင်းမူမြို့ဘက်မှ ခြေလျင်စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် ပြည်သူ့ရဲဘော်များက အသင့်စောင့်နေခဲ့သည်။

စစ်ကောင်စီတပ်များသည် မိုင်းကွင်းထဲသို့မဝင်ဘဲ မိုင်းဆွဲရန် အသင့်စောင့်နေသည့် ရဲဘော်များ၏ နောက်ကျောမှရောက်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က အသိပေးသည်။

ကျဆုံးရဲဘော်အီးဇီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Moe Nyo Revolution Force
ကျဆုံးရဲဘော်အီးဇီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Moe Nyo Revolution Force

ဖြစ်စဥ်၌ တပ်ခွဲ (၂) တပ်စု (၃)တပ်စုမှူးရဲဘော်အီးဇီးသည် သူ၏ ရဲဘော်နှစ်ဦး မလွတ်တော့မည့် အခြေနေတွင် အယောင်ပြမျှားခေါ်ခဲ့ကြောင်း၊ ပထမတစ်ချက် လက်မောင်းကို ကျည်ထိမှန်ချိန်တွင် သူ၏လက်လုပ်သေနတ် အတိုဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြေးရာ ဒုတိယတစ်ချက် ဒူးကိုမှန်၍ လမ်းမလျှောက်နိုင်တော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်သည် Moe Nyo Revolution Force M.N.R.F တပ်ဖွဲ့မှ အထူးကွန်မန်ဒိုတစ်ဦးးဖြစ်သလို မိုင်းကျွမ်းကျင် ပညာရှင်တစ်ဦးလည်းဖြစ်ကြောင်း၊ အသက်(၁၉)နှစ်သာ ရှိသေးသည့် ရဲဘော်အီးဇီးသည် ဆယ်တန်းကို ဂုဏ်ထူး(၂)ဘာသာဖြင့် အောင်မြင်ထားပြီး စစ်အာဏာသိမ်းမှုနှင့်ကြုံတွေ့ကာ လက်နက်ကိုင်တိုက်ပွဲ၌ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က အသိပေးသည်။

ကျဆုံးရဲဘော်အား နွေဦးတော်လှန်ရေး၏ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားပြီး စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းပြီး စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီရသည်အထိတိုက်ပွဲဝင်သွားမည်ဟု Moe Nyo Revolution Force M.N.R.F အဖွဲ့က ကတိပြုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Moe Nyo Revolution Force M.N.R.F အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။