Connect with us

Hi, what are you looking for?

သတင်း

လောင်းကစားဝိုင်းတွေနဲ့ မူးယစ်ဆေးဝါးရောင်းချတာမလုပ်ဖို့ မိုးကုတ် ပ.က.ဖသတိပေး

ပြီးခဲ့တဲ့ လပိုင်းကတော့ မန္တလေးတိုင်းအတွင်းမှာ လောင်းကစားဝိုင်းတွေကို PDF က ဝင်ဖမ်းခဲ့ပြီး ထပ်မံ မလုပ်ဆောင်ကြဖို့သတိပေးတာတွေရှိခဲ့ပါတယ်။

မိုးကုတ်မြို့ကိုတွေ့ရစဉ် (ဓာတ်ပုံ − ဝီကီ)
မိုးကုတ်မြို့ကိုတွေ့ရစဉ် (ဓာတ်ပုံ − ဝီကီ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း လောင်းကစားဝိုင်းတွေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားလုပ်ဆောင်နေသူတွေ အနေနဲ့ ဆက်လက်မလုပ်ကိုင်ကြဖို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) သတိပေးလိုက်ပါတယ်။

အဲဒီလုပ်ငန်းတွေဟာ စစ်အုပ်စုကို လိုင်းကြေးပေးပြီးဆောင်ရွက်နေတာလို့လည်း မိုးကုတ် ပ.က.ဖ က ဆိုပါတယ်။

တစ်နိုင်ငံလုံး ဒုက္ခရောက်နေချိန်မှာအကျိုးစီးပွားကိုသာကြည့်ပြီး စစ်အုပ်စုနဲ့ပေါင်းကာ လူငယ် ၊လူရွယ်တွေပျက်စီးစေဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ကြဖို့ကို မိုးကုတ် ပ.က.ဖ က မနေ့က အောက်တိုဘာလ ၂၆ ရက် ရက်စွဲနဲ့သတိပေးထုတ်ပြန်တာတွေ့ရပါတယ်။

မလိုက်နာရင် စစ်အုပ်စုရဲ့အကျိုးစီးပွားကိုလိုလားသူအဖြစ် သတ်မှတ်ရှင်းလင်းသွားမယ်လို့လည်း သတိပေးထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းကတော့ မန္တလေးတိုင်းအတွင်းမှာ လောင်းကစားဝိုင်းတွေကို PDF က ဝင်ဖမ်းခဲ့ပြီး ထပ်မံ မလုပ်ဆောင်ကြဖို့သတိပေးတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။