Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် ‌ကျောက်ရစ်စခန်းမှလာသော စစ်အုပ်စုကို တိုက်ခိုက်

အောက်တိုဘာ ၂၅ ရက်က မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်အား ပဒက်ချောင်းအလွန်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုများနိုင်ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သုံးစွဲခဲ့သည့်မိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ- နှလုံးလှလူမိုက်ကြီးများအဖွဲ့
သုံးစွဲခဲ့သည့်မိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ- နှလုံးလှလူမိုက်ကြီးများအဖွဲ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျောက်ရစ်စခန်းမှလာသော စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်များနိုင်ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်သည်။

အောက်တိုဘာ ၂၅ ရက်က မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်အား ပဒက်ချောင်းအလွန်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုများနိုင်ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မနေ့ညက စခများပဒေါက်ချောင်းမှ တက်လာတဲ့အချိန်မှာ မိုင်းပဒေသာတစ်စုံခွဲခဲ့တာကြောင့် စခ ၁၀ကောင်နှင့်၁၅ကောင်ကြားထိနိုင်တယ်။ သေမသေတော့အတည်မယူနိုင်သေးပေမဲ့ ညကြည့်စကုဒ်နဲ့ကြည့်လို့သိခဲ့ရပါတယ်။”ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့က အသိပေးသည်။

သုံးစွဲခဲ့သည့်မိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ- နှလုံးလှလူမိုက်ကြီးများအဖွဲ့
သုံးစွဲခဲ့သည့်မိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ- နှလုံးလှလူမိုက်ကြီးများအဖွဲ့

ကျောက်ရစ်ကျေးရွာမှ အဆိုပါစစ်ကြောင်းသည် ဘေးဝန်းကျင်ကျေးရွာများအား နေ့တိုင်းနီးပါး ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ ဗိုလ်နေတိုးအဖွဲ့၊ 11brother အဖွဲ့တို့ မိုင်းများထောင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နှလုံးလှလူမိုက်ကြီးများအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အောက်တိုဘာ ၂၂ ရက် ညပိုင်းကလည်း ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်များအား စခန်းအနီး၌ပင် မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook