Connect with us

Hi, what are you looking for?

သတင်း

ရိုးမတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဟု ပေါင်းတည် PDF ပြော

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး ပြည်ခရိုင် PDFတပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂) PPDF က စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပေါင်းတည် PDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Paungde People Defense Force - PPDF
ပေါင်းတည် PDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Paungde People Defense Force - PPDF

ပေါင်းတည်မြို့နယ် ရိုးမတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ပြောသည်။

ယနေ့(အောက်တိုဘာ ၂၇ ရက်)က ပြည်ခရိုင် ၊ပေါင်းတည်မြို့နယ် လဲပင်ရွာအထက်တွင် စိုးမိုးနယ်မြေအား ကျူးကျော်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နေ့လည် ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အင်အားက ၆၀ ကျော်လောက်ပါတယ်လို့သိရတယ်။အခု ညနေပိုင်းအထိလည်း အခြေအနေ မငြိမ်သေးလို့ စစ်ရေးအရအတိအကျပြောလို့ မရနိုင်သေးဘူး”ဟု ပြည်ခရိုင် PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး ပြည်ခရိုင် PDFတပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂) PPDF က စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်း PPDFက ပြောသည်။

အထိနာနေသော အကြမ်းဖက်စစ်ကောင်စီဘက်မှ RPG ၊ (၄၀)မမတို့ဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဆိုသည်။

ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်း၏ထောက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း PPDF က ကတိပြုသည်။

ပေါင်းတည် PDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – Paungde People Defense Force – PPDF

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။