Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်သူများအမှုအခင်းများကို တယ်လီဂရန်ချန်နယ်ကတဆင့် ပြန်လည်တိုင်ကြားနိုင်ကြောင်း AA အသိပေး

ပြည်သူများအနေဖြင့် Justice For Arakan အကောင့်၏ Username: @justice4arakan ကို Telegram တွင် အလွယ်တကူ ရိုက်နှိပ်ရှာဖွေနိုင်ပြီး ULA/AA ၏ တရားဥပဒေရေးရာဌာနသို့ တက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်းနိုင်သည့်အပြင် Email: arakan.jus@protonmail.com မှ တဆင့်လည်း တိုင်တန်းနိုင်ကြောင်း ထုတ်ပြန်သည်။

(AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-AA)
(AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-AA)

ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ၏ ရက္ခိုင်ပြည်သူ့အစိုးရက အမှုအခင်းများကို အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်ရန် ဆောင်ရွက်ထားရာ Telegram Account ကတဆင့် တိုင်ကြားနိုင်ကြောင်း ULA/AAက ထုတ်ပြန်သည်။

အမှုအခင်းများကို Online မှတဆင့် တိုက်ရိုက်တိုင်ကြားနိုင်ရန်အတွက် Justice For Arakan အမည်ဖြင့် Telegram Account တခုကိုဖွင့်ပြီး တရားဥပဒေရေးရာ ဝန်ဆောင်မှုများ ပေးခဲ့ရာ ၂၀၂၂ ဩဂုတ်တွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ၎င်း Telegram Account ကို နှစ်လကျော် သုံးစွဲခြင်းမဟိဘဲ ရပ်နားထားခဲ့ကြောင်း AAက ဆိုသည်။ ယခုအချိန်တွင် တရားဥပဒေရေးရာဌာနမှ Justice For Arakan အမည်ဖြင့် Telegram Account အကောင့်သစ်တခုကို အောက်တိုဘာ ၂၇ရက်တွင် အသစ်ထပ်မံ ဖွင့်ထားကြောင်း အသိပေးထားသည်။

ပြည်သူများအနေဖြင့် Justice For Arakan အကောင့်၏ Username: @justice4arakan ကို Telegram တွင် အလွယ်တကူ ရိုက်နှိပ်ရှာဖွေနိုင်ပြီး ULA/AA ၏ တရားဥပဒေရေးရာဌာနသို့ တက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်းနိုင်သည့်အပြင် Email: arakan.jus@protonmail.com မှ တဆင့်လည်း တိုင်တန်းနိုင်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တရားပဒေရေးရာဌာနသည် ရခိုင်ပြည်သူများ၏ တရားရေး၊ ဥပဒေရေးရာနှင့် သက်ဆိုင်သည့် အမှုအခင်းများ ၊ ရပ်ရွာ၊ မြို့နယ်များအတွင်း ဖြစ်ပွားနေသော ပြဿနာများကို အချိန် နှင့် တပြေးညီ တိုင်ကြားနိုင်ရန်၊ အမှုအခင်းပြဿနာများကို အမြန်ဆုံးဖြေပေးနိုင်ရန်၊ ပြည်သူ့အသံများကို နားထောင်နိုင်ရန်၊ အမှုသည်များနှင့် တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မြေပြင်တွင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ခံများထားရှိပြီး ရုံးများ ဖွင့်လှစ်၍ အမှုများ စစ်ဆေးပေးခြင်း၊ တရားဥပဒေရေးရာ ဌာန အား လည်ပတ်နိုင်အောင် ကြိုးပမ်းလျက်ရှိဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။