Connect with us

Hi, what are you looking for?

သတင်း

မီးပိတ်သပိတ်လုပ်တဲ့ အိမ် မီတာပုံးဖြုတ်ပြီးအရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မီးပိတ်သပိတ်ကို ည ၈ နာရီ ၃၀ မိနစ်ကနေ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်ခန့် မီးပိတ်ပြီး အမှောင်ချထားရမှာဖြစ်ပါတယ်။

မီးပိတ်သပိတ်လုပ်တဲ့ အိမ် မီတာပုံးဖြုတ်ပြီးအရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်
မီးပိတ်သပိတ်လုပ်တဲ့ အိမ် မီတာပုံးဖြုတ်ပြီးအရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ဒီနေ့ ညပိုင်းမှာ ပြုလုပ်မယ့် မီးပိတ်သပိတ်မှာ ပါဝင်တဲ့အိမ်တွေကို မီတာပုံးဖြုတ်ပြီး အရေးယူမှုတွေလုပ်မယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်လာပါတယ်။

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် ထဲက အနန့်ပါဒေသ မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံးသွားရသူ ကချင်ပြည်သူတွေနဲ့အတူရပ်တည်ကြောင်းပြသဖို့ ဒီနေ့ ညပိုင်းမှာ မီးပိတ်သပိတ်လုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ဆော်သြထားကြတာပါ။

မီးပိတ်သပိတ်ကို ည ၈ နာရီ ၃၀ မိနစ်ကနေ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်ခန့် မီးပိတ်ပြီး အမှောင်ချထားရမှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီလော်ဘီတယ်လီဂရမ်တွေက မီးပိတ်သပိတ်မှာပါဝင်တဲ့ အိမ်တွေကို မှတ်သားကာ မီတာပုံးဖြုတ်တာအပြင် နောက်ဆက်တွဲအရေးယူတာတွေလုပ်မယ်လို့ ခြိမ်းခြောက်ရေးသားတာတွေရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ဒီသပိတ်ဆင်နွှဲဖို့ လူမှုကွန်ရက်ကနေ ဆော်သြသူတွေကိုလည်း အရေးယူမယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

Facebook