Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ တပ်ရင်းသုံးခုမှ တပ်သားငါးဦး အလင်းဝင်လာကြောင်း ကြာအင်းဆိပ်ကြီး(ပအဖ) ထုတ်ပြန်

စစ်ကောင်စီတပ်ရင်း ခမရ (၃၅၈)မှ တပ်သား ၃ဦး နှင့်ခမရ (၄၃၂)မှ တပ်သား တစ်ဦး၊ ခလရ (၂၈၄)မှ တပ်သားတစ်ဦးတို့ အလင်းဝင် လာခြင်းဖြစ်သည်ဟု ဆိုသည်။

အလင်းဝင်လာသည့် တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကြာအင်းဆိပ်ကြီး (ပအဖ)
အလင်းဝင်လာသည့် တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကြာအင်းဆိပ်ကြီး (ပအဖ)

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ငါးဦး ပြည်သူ့ဘက် အလင်းဝင်ရောက်လာကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(အောက်တိုဘာ ၂၉ ရက်)တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ရင်း ခမရ (၃၅၈)မှ တပ်သား ၃ဦး နှင့်ခမရ (၄၃၂)မှ တပ်သား တစ်ဦး၊ ခလရ (၂၈၄)မှ တပ်သားတစ်ဦးတို့ အလင်းဝင် လာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်ဖွဲ့ဝင် ငါးဦးအား ကြာအင်းဆိပ်ကြီး ပအဖနှင့် KNLA တပ်ရင်း (၁၇)တပ်ခွဲ – ၂ ၊ နဂါးနီစစ်ကြောင်းတို့က လက်ခံကြိုဆိုခဲ့ပြီး စားဝတ် နေ ရေးအတွက် ထောက်ပံ့ကူညီပေးခဲ့ကြောင်း ဖော်ပြထားသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများမှာ ခမရ(၃၅၈)မှ တပ်သားစောအတ္တလယ်၊ တပ်သား ချစ်ဝင်းဇော်၊ တပ်သား သန့်ဇော်တို့ဖြစ်ပြီး ခမရ (၄၃၂) မှ တပ်သား ကျော်လွင်ထွန်း ခလရ (၂၈၄)မှ တပ်သား မင်းသူရဇော်တို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အလင်းဝင်လာသည့် တပ်သားများအနေဖြင့်လက်နက်ခဲယမ်းများ တပါတည်းယူဆောင် လာခြင်းရှိ၊ မရှိကို မဖော်ပြထား၍ ကြာအင်းဆိပ်ကြီး မြို့နယ်(ပအဖ)သို့ ဆက်သွယ်ထားဆဲဖြစ်သည်။

အလင်းဝင်လာသည့် တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကြာအင်းဆိပ်ကြီး (ပအဖ)
အလင်းဝင်လာသည့် တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကြာအင်းဆိပ်ကြီး (ပအဖ)

ကြာအင်ဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း KNLAနှင့် နဂါးနီစစ်ကြောင်းအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကွီလုံတိုင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် BGFမှ ၈ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးနှင့် BGF ၁၇ဦးတို့ လက်နက်ချခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင်လက်နက်မျိုးစုံ ၄၃လက် ရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။