Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် မီးပိတ်သပိတ်အပြီး စစ်ကောင်စီတပ် စွဲရာ နေရာနှစ်ခု တိုက်ခိုက်ခံရ

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။

(တိုက်ခိုက်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ဓာတ်ပုံ-KSO)
(တိုက်ခိုက်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ဓာတ်ပုံ-KSO)

▪️စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ် စွဲရာ နေရာနှစ်ခုကို မိုင်တဲလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း Khin U Special Force Organizatinon-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ၂၈ ရက်) ည ၈နာရီခွဲ မီးပိတ် သပိတ်အပြီး ခင်ဦးမြို့နယ်၊ စစ်ကောင်စီတပ်စွဲရာ ရွာသစ်ကုန်းရှိ ကတုတ်ကျင်း၊ ဘန်ကာများရှိရာနှင့် အင်းပတ်ကွေ့ရှိ စစ်ကောင်စီတ​ပ် အထိုင်ချ ဘန်ကာနေရာများအား ၂ဆင့်ကွဲ အလုံးရေ ၂၀ကျော် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“မီးသပိတ်ပြီးတာနဲ့လုပ်တာ။ အင်းပတ်ကွေ့နဲ့ ရွာသစ် ကုန်းကနီးနီးလေး။ နေ့ခင်းဘက်မှာ ကင်းထောက်ဒရုန်းနဲ့ဝဲပြီး သူတို့သွားတဲ့ နေရာတွေ၊ သူတို့ဝပ်နေကျနေရာတွေ နေ့ခင်းကတည်းက ထောက်ပြီးမှ ညခင်းမှာမီတာတံနဲ့တိုက်ပြီးပစ်တာ။”ဟု KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မြို့နယ်(ပကဖ)၊ KDK တပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၄၀)မမ၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။