Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို စိတ်ပိုင်း၊ ရုပ်ပိုင်းအထိနာစေရေး နည်းမျိုးစုံဖြင့် တုံ့ပြန်ရမည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

တော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီတပ်က ရင်းမြစ်အားလုံးကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုများကို ဒုက္ခပေးနိုင်ရန် တစ်ခုပြီးတစ်ခု စီစဥ်နေမည်ကို အထူးသတိပြုရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီကို စိတ်ပိုင်း၊ရုပ်ပိုင်းအထိနာစေရေး နည်းမျိုးစုံဖြင့် တုံ့ပြန်ရမည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
စစ်ကောင်စီကို စိတ်ပိုင်း၊ရုပ်ပိုင်းအထိနာစေရေး နည်းမျိုးစုံဖြင့် တုံ့ပြန်ရမည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ဓမ္မဘက်တော်သားများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနိပ်စက်နေသည့် စစ်ကောင်စီကို နည်းလမ်းမိုးစုံဖြင့် တုံ့ပြန်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့တော်လှန်ရေးအတွက် ဘယ်အလုပ်ကိုလုပ်ဆောင်ရင် ပြည်သူအတွက် အကျိုးရှိမလဲ၊ အင်အားဖြစ်စေမလဲ၊ ဘယ်အလုပ်ကို လုပ်ဆောင်ရင် အကြမ်းဖက်စစ်ကောင်စီတွေ အထိနာစေမလဲ၊ အထိနာတယ် ဆိုရာမှာလည်း ရုပ်ပိုင်းဆိုင်ရာ အထိနာဖို့လိုအပ်သလို၊ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်လည်း လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်းနှိပ်စက်နေတဲ့ အကြမ်းဖက်သမားတွေကို ကျွန်တော်တို့အနေနဲ့လည်း နည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်ရမှာ ဖြစ်ပါ တယ်”ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

စစ်ကောင်စီကို စိတ်ပိုင်း၊ရုပ်ပိုင်းအထိနာစေရေး နည်းမျိုးစုံဖြင့် တုံ့ပြန်ရမည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
စစ်ကောင်စီကို စိတ်ပိုင်း၊ရုပ်ပိုင်းအထိနာစေရေး နည်းမျိုးစုံဖြင့် တုံ့ပြန်ရမည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

တော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီတပ်က ရင်းမြစ်အားလုံးကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုများကို ဒုက္ခပေးနိုင်ရန် တစ်ခုပြီးတစ်ခု စီစဥ်နေမည်ကို အထူးသတိပြုရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အဲဒီအတွက် အထူးသတိထားပြီး ကျွန်တော်တို့ဘက်က ပြင်ဆင်ရမှာတွေ၊ တုံ့ပြန်ရမှာတွေ၊ စီစဉ်ရမှာတွေ ရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က တော်လှန် ရေး အင်အားစုတွေ ပေါင်းစပ်လုပ်ဆောင်ကြရတာဖြစ်လို့ တစ်ခါတစ်ရံ ပေါင်းစည်းပြီး အတူတကွ တုံ့ပြန် ဆောင်ရွက်ရမယ့် ကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ကြရင်း ကြန့်ကြာတာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေအတွက်လည်း လိုအပ်ရင်လိုအပ်သလို ပိုမို ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းကြိုးစားပေးကြဖို့ ဝန်ကြီးများကို တိုက်တွန်းလိုပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။