Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်စနစ်တိုက်ဖျက်ရေး နှစ်ပေါင်း ၃၄ နှစ်ကြာ တိုက်ပွဲဝင်နေသည့် ABSDFအတွက် ဂုဏ်ယူကြောင်း KNUသဝဏ်လွှာပို့

၁၉၈၈ နိုဝင်ဘာ ၁ရက်တွင် ABSDFကို ဖွဲ့စည်းခဲ့ရာ ယနေ့တွင် ကျောင်းသားတပ်မတော်တည် ထောင်ခြင်း (၃၄)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

အာဏာရှင်စနစ်တိုက်ဖျက်ရေး နှစ်ပေါင်း ၃၄ နှစ်ကြာ တိုက်ပွဲဝင်နေသည့် ABSDFအတွက် ဂုဏ်ယူကြောင်း KNUသဝဏ်လွှာပို့
အာဏာရှင်စနစ်တိုက်ဖျက်ရေး နှစ်ပေါင်း ၃၄ နှစ်ကြာ တိုက်ပွဲဝင်နေသည့် ABSDFအတွက် ဂုဏ်ယူကြောင်း KNUသဝဏ်လွှာပို့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အနေဖြင့် ၁၉၈၈ မှ ယခုအချိန် ထိ အာဏာရှင်စနစ်တိုက်ဖျက်ရေး တိုက်ပွဲဝင်နေသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ABSDF ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့သည်။

၁၉၈၈ နိုဝင်ဘာ ၁ရက်တွင် ABSDFကို ဖွဲ့စည်းခဲ့ရာ ယနေ့တွင် ကျောင်းသားတပ်မတော်တည် ထောင်ခြင်း (၃၄)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

ABSDF သည် ၁၉၈၈ မှစ၍ KNU၏ မိတ်ဖက် အဖွဲ့အစည်းတစ်ရပ်အဖြစ်ရပ်တည်ကာ အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ တို့တွင် နိုင်ငံရေးအရ၊ စစ်ရေးအရ စည်းရုံးရေးအရ၊ သံတမန်ရေးရာအရ အစရှိသည့် လှုပ်ရှားမှုအသီးသီးတွင် တက်ကြွစွာပါဝင်ခဲ့ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းယူခဲ့သည့် တပ်မတော်ကို ဆန့်ကျင်တော်လှန်နေသော မျိုးဆက်သစ် ကျောင်းသားလူငယ် G-Z များနှင့်အတူ ၁၉၈၈ မှ ၂၀၂၂ အထိ မပြီးဆုံးသေးသော သမိုင်းပေး တာဝန်များအား ဆက်လက် သယ်ဆောင်ပြီး နွေဦးတော်လှန်ရေးတွင်လည်း တော်လှန်သူ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်ပြီး စုစုစည်းစည်းဖြင့် စုပေါင်းတော်လှန်တိုက်ပွဲဝင်နေသည့် အတွက် KNU အနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း KNU၏ သဝဏ်လွှာ၌ ပါရှိပြီး တိုက်ပွဲတလျှောက် ဘ၀နှင့် အသက်ပေါင်းများစွာ ပေးဆပ်သွားကြသူများအား ဦးညွှတ်ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် များအားလုံး ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး ထူထောင်နိုင်သည်အထိ အတူတကွ ဆက်လက် တိုက်ပွဲဝင်သွားရန်လည်း KNUက ABSDF အား တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။