Connect with us

Hi, what are you looking for?

သတင်း

အာဏာသက်ဆိုးရှည်ရေးကြိုးပမ်းနေသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ပျက်အောင် လက်တွဲလုပ်ဆောင်ရန် KIO တိုက်တွန်း

ABSDF တပ်ဖွဲ့ဝင်များသည် KIO ထိန်းချုပ်နယ်မြေအတွင်း၌တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းများရှိခဲ့သည်။

အာဏာသက်ဆိုးရှည်ရေး ရည်ရွယ်လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်များ ပျက်သွားစေရေးအတွက် ဆက်လက်၍ လက်တွဲလုပ်ဆောင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ယနေ့(နိုဝင်ဘာ ၁ရက်) ကျရောက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့သည်။

ယနေ့အချိန်သည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်သွားရန် မြန်မာနိုင်ငံသားအားလုံး ကျရာအခန်းကဏ္ဍတွင် အင်အတိုက်အားတိုက် ပါဝင်ကြိုးပမ်းနေသည့် နိုင်ငံရေးအကူးအပြောင်းကာလ အချိန်အခါကောင်းဖြစ်ကြောင်း KIOက ဆိုသည်။

အာဏာသက်ဆိုးရှည်ရေးကြိုးပမ်းနေသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ပျက်အောင် လက်တွဲလုပ်ဆောင်ရန် KIO တိုက်တွန်း
အာဏာသက်ဆိုးရှည်ရေးကြိုးပမ်းနေသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ပျက်အောင် လက်တွဲလုပ်ဆောင်ရန် KIO တိုက်တွန်း

တစ်ဖက်တွင် စစ်ကောင်စီတပ်သည် အာဏာသက်ဆိုးရှည်ရန် ရည်ရွယ်၍ အရပ်သားပြည်သူများအား အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူသားမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်း၊လူနေအိမ်များနှင့် အရပ်သားများ၏ စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခြင်း လုယက်ခြင်းစသည့် အဖျက်အမှောင့်အလုပ်ကို နိုင်ငံအနှံ့အပြားတွင် ကျူးလွန်လျက်ရှိကြောင်း KIO ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

သို့ဖြစ်၍ စစ်အာဏာရှင် စစ်ကောင်စီတပ်၏ ရည်ရွယ်ချက် ပျက်ပြားသွားစေရန်နှင့် ပြည်သူလူထု တစ်ရပ်လုံးလိုလားနေသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရန်ရန်အတွက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့်အတူ ဆက်လက်ပူးပေါင်းလက်တွဲသွားရန်တိုက်တွန်းလိုကြောင်း KIOက ABSDFထံ သဝဏ်လွှာပေးပို့သည်။

Public Service Announcement

Public Service Announcement

ABSDF တပ်ဖွဲ့ဝင်များသည် KIO ထိန်းချုပ်နယ်မြေအတွင်း၌တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းများရှိခဲ့သည်။

ABSDF ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook