Connect with us

Hi, what are you looking for?

သတင်း

မြိုင်နှင့်ပေါက် အစပ်၌ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ ဖြတ်တိုက်ခံရပြီး ရဲဘော်၄ဦးကျဆုံး

စစ်ကောင်စီစစ်ကြောင်းအား လက်စားခြေ တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများဘေးလွတ်ရာရှောင်စေလိုကြောင်း၊ ဖမ်းဆီးခံ ပြည်သူများကြောင့် မိုင်းများ ရှောင်ရှားပေးနေရခြင်းဖြစ်ကြောင်း မြိုင်ပကဖအဖွဲ့က သတိပေးသည်။

(ကျဆုံးရဲဘော်များအား မြေမြုပ်သင်္ဂြိုလ်နေစဥ်။ ။ဓာတ်ပုံ-မြိုင်ပကဖ)
(ကျဆုံးရဲဘော်များအား မြေမြုပ်သင်္ဂြိုလ်နေစဥ်။ ။ဓာတ်ပုံ-မြိုင်ပကဖ)

▪︎စစ်​ကောင်စီတပ်ကိုတုံ့ပြန်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ​ဘေးလွတ်ရာ​ရှောင်ရန်မြိုင်ပကဖ သတိ​ပေး

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်တွင် ပေါက်နယ်ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်များအား စစ်အုပ်စုက ဖြတ်တိုက်ရာ ပြည်သူ့ ရဲဘော်၅ဦး ကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ​ခေါင်း​ဆောင်ကိုလက်ယျာ က​ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းကမကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆိတ်သာရွာ၊တောင်ရိုးရွာ၊ ဂွေးကုန်းရွာ၊ ကျောက်ခွက်ရေနံမြေစခန်း ပတ်လည်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် နံနက် ၆နာရီ ၄၅ မိနစ်တွင် မြိုင်နယ်နှင့် ပေါက်နယ်ထိစပ်နယ်မြေ ဆေးပင်ကြီးရွာအနီးသို့ ရောက်ရှိလာခဲ့သည်။

ထိုစစ်ကောင်စီစစ်ကြောင်းအား မြိုင်နယ်နှင့်ပေါက်နယ်ကျေးရွာ ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရန်ပြင်ဆင်နေချိန် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်နှင့် ပျူများက နောက်ကျန်နေသော ပြည်သူ့ရဲဘော် လက်နက်ကြီးအဖွဲ့အားဖြတ်၍တိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖက အသိပေးသည်။

(ကျဆုံးရဲဘော်များအား မြေမြုပ်သင်္ဂြိုလ်နေစဥ်။ ။ဓာတ်ပုံ-မြိုင်ပကဖ)
(ကျဆုံးရဲဘော်များအား မြေမြုပ်သင်္ဂြိုလ်နေစဥ်။ ။ဓာတ်ပုံ-မြိုင်ပကဖ)

“အဲဒီနောက်ကျနေတဲ့အဖွဲ့က ဖုန်းလိုင်းကလည်းမကောင်းတော့ ရှေ့ကအဖွဲ့တွေနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သူတို့လာတဲ့အချိန် ​ွေးစစ်ကြောင်းက တောလမ်းကနေဖြတ်တတ်တဲ့အချိန် သူတို့ကားနဲ့အကြုံမှာ ကားကိုရပ်ခိုင်းတော့ရပ်ပေးလိုက်တယ်။ ရပ်ပေးလိုက်တဲ့အချိန်မှာ ဘာမှမပြောတော့ဘဲ တန်းပစ်တော့တာ။”ဟု မြိုင်ပကဖအဖွဲ့မှ ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်ခံရသဖြင့် ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့မှ ရဲဘော်၅ဦး ကျဆုံးပြီးရဲဘော်၂ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ကျေးရွာတပ်ဖွဲ့ဝင်များ စေလွှတ်လျှင် စနစ်တကျမှာကြားစေလိုကာ ခေါင်းဆောင်များကိုယ်တိုင်အနီးကပ်လိုက်ပါကြပ်မတ်စေလိုကြောင်း၊ ယခုကဲ့သို့ထပ်မံဖြစ်စဥ်မျိုး မဖြစ်ပွားစေရန်တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်ပြီး ကင်းထောက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြိုင်ပကဖအဖွဲ့ကအသိ​ပေးသည်။

စစ်ကောင်စီစစ်ကြောင်းအား လက်စားခြေ တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများဘေးလွတ်ရာရှောင်စေလိုကြောင်း၊ ဖမ်းဆီးခံ ပြည်သူများကြောင့် မိုင်းများ ရှောင်ရှားပေးနေရခြင်းဖြစ်ကြောင်း မြိုင်ပကဖအဖွဲ့က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဆောင်းပါး

WHO အကြီးအကဲက ထရမ့်အစိုးရ၏ ကွယ်ဆေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်