Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ဂန်ရွာ မီးလောင်မှု နေအိမ်အလုံး ၄၀ ကျော်ဆုံးရှုံး

တောင်ရွာသစ်(ဂန်ရွာ)မှာ ဒီ နေ့ ညနေ၅နာရီဝန်းကျင်က စတင်ပြီး တစ်နာရီကျော်ကြာ မီးလောင်ခဲ့ရာ နေအိမ် ၄၁လုံးမီးထဲပါသွားပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေး ဂန်ရွာ မီးလောင်မှု နေအိမ်အလုံး ၄၀ ကျော်ဆုံးရှုံး
မန္တလေး ဂန်ရွာ မီးလောင်မှု နေအိမ်အလုံး ၄၀ ကျော်ဆုံးရှုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်ဘေးရှိ တောင်ရွာသစ် (ဂန်ရွာ ) မှာ ဒီနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ရာ နေအိမ် ၄၁လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတအသင်းထံကနေစုံစမ်းသိရပါတယ်။

တောင်ရွာသစ်(ဂန်ရွာ)မှာ ဒီ နေ့ ညနေ၅နာရီဝန်းကျင်က စတင်ပြီး တစ်နာရီကျော်ကြာ မီးလောင်ခဲ့ရာ နေအိမ် ၄၁လုံးမီးထဲပါသွားပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေး ဂန်ရွာ မီးလောင်မှု နေအိမ်အလုံး ၄၀ ကျော်ဆုံးရှုံး
မန္တလေး ဂန်ရွာ မီးလောင်မှု နေအိမ်အလုံး ၄၀ ကျော်ဆုံးရှုံး

ထိခိုက်ဒဏ်ရာရသူ နှစ်ဦး မှာ တစ် ဦးဟာ ပရဟိတအသင်းသားဖြစ်ပြီး နောက်တစ်ဦးကတော့ ရပ်ကွက်နေပြည်သူဖြစ်ပါတယ်။

” ရပ်ကွက်အနေအထား လမ်းဧရိယာတွေက တော်တော်လေးကျဉ်းတယ်၊ ၅ပေလောက်ပဲရှိတော့ မီးသတ်ကားအလွယ် တကူဝင်မရတော့ မီးလောင်ချိန်ကြာသွားတာ”လို့ ဂန်ရွာမှာ နေထိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။