Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်ရှိ KBC ကျမ်းစာသင်ကျောင်းလက်နက်ကြီးကျ၍ သုံးဦးထက်မနည်း ဒဏ်ရာရ

ယနေ့ (နိုဝင်ဘာ ၃ရက်) ည ၈နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)
(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ကျမ်းစာသင်ကျောင်းသို့ ယနေ့ညပိုင်း၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရသူအချို့ရှိသည်ဟု KBC တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၃ရက်) ည ၈နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)
(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)

“ဟုတ်တယ် အမျိုးသားဆောင်နားမှာ ကျတာ သုံးယောက်ထိတယ်။ အခုလောလောဆယ်ဆယ်တော့ အဲဒီလောက်ပဲ သိသေးတယ်။ လက်နက်ကြီးကျတာ” ဟု KBC တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေအပေါ် ပစ်မှတ်ထားတာမျိုးတော့လုံး၀မလုပ်သင့်ဘူး” ဟု KBC တာဝန်ရှိသူက ပြောသည်။

(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)
(စစ်​ကောင်စီလက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူအချို့ နှင့် KBCစာသင်​ကျောင်း။ ဓါတ်ပုံ-Marip Lamawng Sharoi FB)

အောက်တိုဘာ ၂၃ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ၌ အရပ်သားပြည်သူများ ပါဝင်သည့် ဂီတဖျော်ဖြေပွဲသို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ သေဆုံးသူအများအပြားရှိခဲ့သည်။ အဆိုပါ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အထိမ်းအမှတ်နေ့အကြို ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ကချင်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထို​ကြောင့်KIC (ကချင် လွတ်လပ်​ရေး​ကောင်စီ)ကလည်းအနန့်ပါဖြစ်စဥ်နှင့်လက်ယက်ကုန်းဖြစ်စဉ်အရ ပြည်သူလူထုလုံခြုံမှု လုံးဝမရှိတော့သည့်အတွက် ပြည်သူတစ်ရပ်လုံး စစ်ရေးသတိရှိကြရန် နိုဝင်ဘာ ၁ ရက်တွင် အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။