Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင် ကျမ်းစာသင်ကျောင်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ကြောင်း KBC ထုတ်ပြန်

KBC လက်အောက်ရှိ အဆိုပါကျမ်းစာသင်ကျောင်း ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းသား လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ကွတ်ခိုင် ကျမ်းစာသင်ကျောင်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ကြောင်း KBC ထုတ်ပြန်
ကွတ်ခိုင် ကျမ်းစာသင်ကျောင်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ကြောင်း KBC ထုတ်ပြန်

▪️အနန့်ပါလေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရမှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ ကချင်ဓမ္မကောလိပ် ကျောင်းဝင်းအတွင်းသို့ နိုဝင်ဘာ ၃ ရက် ညပိုင်းက လက်နက်ကြီး ကျရောက်ပေါက် ကွဲခဲ့ရာ ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)က ယနေ့ သဘောထား ထုတ်ပြန်သည်။

KBC လက်အောက်ရှိ အဆိုပါကျမ်းစာသင်ကျောင်း ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းသား လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ကွတ်ခိုင် ကျမ်းစာသင်ကျောင်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ကြောင်း KBC ထုတ်ပြန်
ကွတ်ခိုင် ကျမ်းစာသင်ကျောင်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ကြောင်း KBC ထုတ်ပြန်

သမ္မာကျမ်းစာဓမ္မပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသော ကျောင်းတော်ကြီးသို့ အကြောင်းမဲ့ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသားများ ၊ စာချပုဂ္ဂိုလ်များ၊ အသင်းသူ၊ အသင်းသားများနှင့် ပြည်သူပြည် သားများမှ လွန်စွာ အံ့ဩထိတ်လန့် တုန်လှုပ်မိကြရကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု KBC တာဝန်ရှိသူက အခင်းဖြစ် ပွားသည့် ညပိုင်း၌ ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

“အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာသေချာတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

ကျောင်းသူ၊ကျောင်းသားများ ခရစ်ယာန် ဓမ္မပညာရပ်များကို ဘေးကင်းလုံခြုံစွာဖြင့် ဆက်လက် ၍ လေ့လာသင်ကြားနိုင်ခွင့် ရှိစေရန် အတွက် သက်ဆိုင်ရာ အားလုံးဝိုင်းဝန်းထိန်းသိမ်း စောင့် ရှောက်ပေးရန် မေတ္တာရပ်ခံကြောင်း KBCက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်အတူ အောက်တိုဘာ ၂၃ရက်က ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို KBCက ထုတ်ပြန်သည်။

အနန့်ပါ ဖြစ်စဉ်၌ အသက်ဆုံးရှုံးခဲံရသည့် အပြစ် မဲ့ ပြည်သူများ ၊ ဘာသားရေးဆရာများနှင့် အသင်းသူ၊ အသင်းသားများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ယူကြုံးမရ လွှတ်စွာ ဝမ်းနည်းကြောင်းနှင့် ကျန်ရစ်သော မိသားစုဝင်များအပေါ် ထာ၀ရ ဘုရားသခင် ထံတော်ပါးမှ နှစ်သိမ့်ခြင်းခွန်အားပေးသနားတော်မူပါစေကြောင်း ဆုတောင်းအပ်သည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။

စစ်ကောင်စီတပ်က အနန့်ပါ ဒေသရှိ ဂီတဖျော်ဖြေပွဲအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ စစ်ဘက် အရပ်ဘက် ဝန်ထမ်းများ စုစုပေါင်း ၆၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook