Connect with us

Hi, what are you looking for?

သတင်း

မြိတ်ခရိုင်တပ်ရင်း(၁)က စစ်ကောင်စီတပ်စခန်းနှင့်စစ်ကူလာသောတပ်ကိုပါ တိုက်ခိုက်

လက်ရှိတွင် ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသော ပြည်သူများအား စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

မြိတ်ခရိုင်တပ်ရင်း(၁)က စစ်ကောင်စီတပ်စခန်းနှင့်စစ်ကူလာသောတပ်ကိုပါ တိုက်ခိုက်
မြိတ်ခရိုင်တပ်ရင်း(၁)က စစ်ကောင်စီတပ်စခန်းနှင့်စစ်ကူလာသောတပ်ကိုပါ တိုက်ခိုက်

▪️စစ်ကောင်စီတပ်မှ ရှစ်ဦးသေ၊ ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်

တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကူလာသည့်တပ် ကိုပါ ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁)က ပြောသည်။

နိုဝင်ဘာ ၄ရက် နံနက် ၁၀ ပဝတ်ကုန်းကျေးရွာအခြေစိုက်စစ်ကောင်စီတပ်စခန်းကို မြိတ်ခရိုင်တပ်ရင်း (၁)နှင့် မဟာမိတ်တပ်ဖွဲ့များက လက်ဦးမှုယူတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ ယင်းနေ့ နေ့လယ် ၁ နာရီခန့်၌ တိုရွာဘက် သို့ စစ်ကူလာသော စစ်ကောင်စီတပ်ကို ပိတပ် ကျေးရွာအနီးကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ်သားအနည်းဆုံး ရှစ်ဦးသေဆုံးသွားကြောင်း မြိတ်ခရိုင်တပ်ရင်း (၁)က ပြောသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်များသည် အပြစ်မဲ့ ပြည်သူ ၂၀ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူရှစ်ဦးထိခိုက်ဒဏ်ရာရကာ တစ်ဦးကို ပစ်သတ်သွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသော ပြည်သူများအား စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

အထက်ပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် ဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း မြိတ်ခရိုင် တပ်ရင်း(၁)နှင့် မဟာမိတ်တပ်ပေါင်းစုများဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားလာပါက ဘေးလွတ်ရာသို့ အချိန်မှီ ရှောင်ရှားကြပါရန်နှင့် ပြည်သူကာ ကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ထားသော တိုက်ပွဲအတွင်း ပြုမှုနေထိုင်ရမည့် နည်းလမ်းများကို လိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ