မန္တလေးမြို့ ၊ စစ်ကိုင်း − မန္တလေး ကားလမ်းပေါ်မှာရှိတဲ့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဝင်းထဲ မနေ့က ညပိုင်းဗုံးပစ်ခံလိုက်ရပါတယ်။
ဗုံးကွဲပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထဲကို လူနာတင်ကား အဝင်အထွက် လုပ်တာတွေ့ရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိနိုင်တယ်လို့ ရဲစခန်းအနီးပတ်ဝန်းကျင်မှာနေထိုင်သူတစ်ဦးပြောပါတယ်။
အခုလို ဗုံးနဲ့တိုက်ခိုက်ခံရတဲ့ ချမ်းမြသာစည်မြို့နယ် ရဲတပ်မှူးရုံးဟာ စခန်းရှေ့က လမ်းမတစ်ခြမ်းကိုပိတ်ထားသလို ဘန်ကာတွေနဲ့ လုံခြုံရေးချထားတဲ့ နေရာလည်းဖြစ်ပါတယ်။