Connect with us

Hi, what are you looking for?

သတင်း

AAနှင့် စစ်ကောင်စီ ရခိုင်ဒေသ၌ တိုက်ပွဲဆက်ဖြစ်

ရခိုင်ဒေသ၌ တိုက်ပွဲများ လက်နက်ကြီးပစ်ခတ်မှုများ တစ်နေရာမဟုတ် တစ်နေရာ၌ နေ့တိုင်းလိုလို ဖြစ်ပွားနေသည်ဟု ရခိုင်ဒေသခံက ပြောသည်။

(အေအေတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - AA)
(အေအေတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - AA)

▪️ပုဏ္ဏာကျွန်း၌ စစ်ကောင်စီ ရိက္ခာပို့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ရခိုင်ဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ရခိုင်ဒေသခံက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် အမ်းမြို့နယ် ၊ မင်းပြားမြို့နယ်၊ မောင်တောမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်များ၌ AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

“အမ်းမှာ သုံးရက်ဆက်တိုက်ရှိပြီ ဒီနေ့နဲ့ဆို။ လက်နက်ကြီးတွေနဲ့ပစ်တာပေါ့။သူတို့ကိုယ်သူတို့ မလုံတော့ဘူးလေ။ ULA/AA ဘက်က တပ်တွေက သူတို့ အနီးအနားမှာ ဝိုင်းထားသလို ဖြစ်နေတော့ အဲဒီနေရာတွေကို ပစ်ရှင်းရှင်းတာပေါ့။ ရိက္ခာလည်း မလာနိုင်တဲ့ အခြေအနေ ဖြစ်နေတာပေါ့။အိမ်တွေတော့ တစ်အိမ်စ နှစ်အိမ်စထိတယ်။ လူတွေတော့ အသေအပျောက်မရှိသေးဘူး”ဟု ရခိုင်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

နိုဝင်ဘာ ၈ရက် တစ်နေ့တည်း၌ အမ်းမြို့နယ် နေရာ ၂ခု၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု AAက ယမန်နေ့တွင် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့(နိုဝင်ဘာ ၁၀ရက်)နက် ၆နာရီခန့်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဆားပြင်းကြီး ရွာအနီး၌ စစ်ကောင်စီ၏ ရိက္ခာသည်ယာဉ် နှစ်စီးကို AAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးထိခိုက်ခဲ့သည်ဟု ဒေသတွင်း သတင်းဌာန Border News Agency က ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုအပြီးတွင် စစ်ကေငာ်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ဒေသခံကသတင်းဌာနများက ပုဏ္ဏားကျွန်းဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ သတင်းဌာနများက ဖော်ပြနေသကဲ့သို့ အရပ်ဘက်ကလည်း လူမှုကွန်ရက်၌ ရေးသား အသိပေးထားသည်ကို တွေ့ရကြောင်း ပြောသည်။

“အရပ်ဘက်ကလည်း အဲဒီမှာပစ်ခတ်နေကြတယ် ဆိုတာ တင်တာတော့ရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ရခိုင်ဒေသ၌ တိုက်ပွဲများ လက်နက်ကြီးပစ်ခတ်မှုများ တစ်နေရာမဟုတ် တစ်နေရာ၌ နေ့တိုင်းလိုလို ဖြစ်ပွားနေသည်ဟု ရခိုင်ဒေသခံက ပြောသည်။

စစ်ကောင်စီအနေဖြင့် လက်နက်ကြီးများ၊ ဒရုန်းများ၊ ဂျက်တိုက်လေယာဉ်များဖြင့် နေ့၊ ည အချိန်မရွေး ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက်ပြုလုပ်လျက်ရှိသကဲ့သို့ အပြစ်မဲ့ပြည်သူလူထုများအား မတရားဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်နေခြင်းများကိုလည်း ရက္ခိုင်၊ ပလက်ဝဒေသများ၌ ဆက်လက် လုပ်ဆောင်နေကြောင်း AAက ယမန်နေ့တွင် ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။