Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင်စစ်ကောင်စီတပ်အားPDFများကသုံးကြိမ်တိုက်ခိုက်စစ်သား၁၅ ဦး​သေပြီး၁၀ဦးဒဏ်ရာရ၊ PDFတစ်ဦးကျ

အဆိုပါတိုက်ခိုက်မှု​များကြောင့်စစ်​ကောင်စီတပ်မှ ၁၅ ဦး​သေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီးPDFမြိတ်ခရိုင်၊တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးသည်။စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့်ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(စစ်​ကောင်စီတပ်မီးရှို့သွား​​သော​နေအိမ်အချို့နှင့်စစ်တပ်ထံမှသိမ်းဆည်းရမိသာကျည်အချို့ ။ဓါတ်ပုံ-PPDF)
(စစ်​ကောင်စီတပ်မီးရှို့သွား​​သော​နေအိမ်အချို့နှင့်စစ်တပ်ထံမှသိမ်းဆည်းရမိသာကျည်အချို့ ။ဓါတ်ပုံ-PPDF)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားနိုဝင်ဘာ ၈ရက်တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်​ကောင်စီတပ်သား၁၅ ဦး​သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက​ပြောသည်။

“တိုက်ပွဲ ၂ခုက ခရိုင်တပ်ရင်းကတိုက်တာ၊မဟာမိတ်အခြားအဖွဲ့က မိုင်းဆွဲခဲ့တာပါ”ဟု မြိတ်ခရိုင်၊တပိရင်း(၁)တာဝန်ရှိသူကပြောသည်။

ပုလောမြို့နယ်၊ ကဒဲရွာရွာ၊စက်တော်ရာရွာနှင့်သင်္ကန်းတောရွာတို့တွင်နိုဝင်ဘာ ၈ ရက်၊မနက်၄ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ကဒဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို PDF၊မြိတ်ခရိုင်တပ်ရင်း(၁)၊မဟာမိတ်တပ်ပေါင်းစုတို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမြိတ်ခရိုင် တပ်ရင်း(၁)ကထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်မီးရှို့သွား​​သော​နေအိမ်အချို့နှင့်စစ်တပ်ထံမှသိမ်းဆည်းရမိသာကျည်အချို့ ။ဓါတ်ပုံ-PPDF)
(စစ်​ကောင်စီတပ်မီးရှို့သွား​​သော​နေအိမ်အချို့နှင့်စစ်တပ်ထံမှသိမ်းဆည်းရမိသာကျည်အချို့ ။ဓါတ်ပုံ-PPDF)

ထိုအပြင် မြိတ်မြို့မှ ပုလောမြို့သို့တက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကိုလည်း မနက် ၇နာရီတွင်စက်တော်ရာအနီး၌ မဟာမိတ်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းမကြီးတစ်လျှောက်ရှိ တပိုရွာ၊ တိုရွာ၊ တန်းရှင်းရွာ၊ သင်္ကန်းတောရွာတို့ရှိ​​နေအိမ် ၁၀ လုံးကိုမီးရှို့ဖျက်ဆီးသွား​ကြောင်း အသိ​ပေးထားသည်။ အိမ်များကိုမိးရှို့သည့်အပြင်ခရီးသည်တင်ယာဉ်များကိုလည်းဓားစာခံအဖြစ်တစ်နေကုန်ဖမ်းဆီးထားခဲ့သည်ဟုလည်းသိရသည်။

Public Service Announcement

Public Service Announcement

ထိုအအပြင် ည ၁၁နာရီတွင် သင်္ကန်းတောရွာမှ ပုလောမြို့သို့ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များကထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြန်သည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှု​များကြောင့်စစ်​ကောင်စီတပ်မှ ၁၅ ဦး​သေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီးPDFမြိတ်ခရိုင်၊တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးသည်။စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့်ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“စက်တော်ရာနားမှာမိုင်းဆွဲတာစခ(စစ်ကောင်စီတပ်သား)တွေ ကားတစ်စီးပျက်စီးသွားတယ်။ အိမ်၃လုံးကိုလည်း မီးရှို့သွားတယ်။ နောက်ပြီး စခတွေပစ်တဲ့ လက်နက်ကြီးမှန်လို့ ကလေးမတယောက် ထိခိုက်ဒဏ်ရာရသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရသည်ဟုလည်း အထက်ပါ​ဒေသခံက​ပြောသည်။

မြိတ်-ထားဝယ်လမ်းကို နိုဝင်ဘာ ၈ ရက်မှစ၍ အသုံးမပြုရန် PDFများကအသိ​ပေးထားပြီး ၊ခရီးသည်တင်မော်တော်ယာဉ်လိုင်းများနှင့် မိဘပြည်သူများသည်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များကိုလိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook