Connect with us

Hi, what are you looking for?

သတင်း

သထုံတွင် ပြည်သူတစ်ဦးကို လာဖမ်းသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် သုံးဦးသေ

နိုဝင်ဘာ ၁၀ရက် နံနက်အစောပိုင်း၌ ဝင်းစိန် ကျေးရွာမှ အရပ်သားကို ဖမ်းပြီးပြန်လာသည့် နံနက် ၅နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(ပုံစာ - သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ပုံစာ - သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

▪️သေဆုံးခဲ့သည့် အရာရှိသည် သထုံနယ်တွင် လူထုကို ဖိနှိပ်ရာ၌ အဓိကအရေးပါသူဖြစ်ပြီး လက်နက် သုံးလက်ရဟု KNUသထုံခရိုင်မိတ်ဖက်တော် လှန်ရေးတပ်ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သထုံမြို့နယ် ဝင်းစိန်ကျေးရွာသို့ အရပ်သားတစ် ဦးကို လာဖမ်းသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် သုံးဦးသေဆုံးပြီး လက်နက် သုံးလက်ရရှိခဲ့ကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၀ရက် နံနက်အစောပိုင်း၌ ဝင်းစိန် ကျေးရွာမှ အရပ်သားကို ဖမ်းပြီးပြန်လာသည့် နံနက် ၅နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ပစ်ခတ်တော့ သူ့ဆီက သူအပါအဝင် သုံးဦး ကျတယ်။ တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ ဒဏ်ရာတော့ ရသွားတယ်။ သူတို့ဆီကနေ လက်နက် ၃လက်နက်နဲ့ ငွေ ၂၃ သိန်းပေါ့။ အဲဒါ အတည်ပြုလို့ရပါတယ်” ဟု KNU မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

(ပုံစာ - သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ပုံစာ – သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

သေဆုံးသွားသည့် ဗိုလ်မှူးမှာ သထုံမြို့နယ် စစ်ကောင်စီ၏ လုံခြုံရေးအဖွဲ့အစည်း၏ အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ၎င်းသည် ပြည်သူလူထုများကို ဖိနှိပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူတစ်ဦးလည်း ဖြစ်ကြောင်း မိတ်ဖက်ကော်မတီ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက လေ့ကျင့်ရေး (၉)က။ သထုံမြို့နယ် အနေနဲ့ဆိုရင် သူတို့ မြို့နယ်ရဲ့ လုံခြုံရေး အဖွဲ့အစည်းက သူ့အထက်မှာဆိုရင် ဒုဗိုလ်မှူးကြီး တစ်ယောက်ရှိတာပေါ့။ ဒုဗိုလ်မှူးကြီးက ကျနော်တို့ အရပ်အခေါ် ဥက္ကဋ္ဌလို ကိုင်တွယ်ပြီးတော့ သူကတော့ အတွင်းရေးမှူး အနေနဲ့ အကောင်အထည်ဖော်တဲ့သူပေါ့ အဓိက အရေးပါတဲ့ သူတစ်ယောက်ပေါ့။မြို့ပေါ်မှာတော့သူ့ကို တော်တော်မုန်းတီးကြတယ်။ ဒီကိစ္စမှာလည်း ကျနော်တို့ သူ့ကို တုန့်ပြန်လိုက်နိုင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ဝမ်းသာကြောင်းတွေ သိရတာပေါ့”ဟု မိတ်ဖက် ကော်မတီ တာဝန်ရှိသူက ပြောသည်။

KNU သထုံခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အပါအဝင် တော်လှန်ရေးအင်အားစုများသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းချိတ်ဆက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook