Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်အုပ်စုအား တစ်ပတ်အတွင်း နှစ်ကြိမ် ဗုံးပစ်တိုက်ခိုက်

မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ခွဲ(၃) True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ခွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ခွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တစ်ပတ်အတွင်း ဒုတိယ​အကြိမ် လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ် တိုက်ခိုက်ခံရပြီး ကင်းစောင့်ရင်းအိပ်ပျော်နေသော စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၁၁ ရက်)နံနက် ၅ နာရီခန့်က မြင်းမူမြို့ပေါ် ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“စခ ရှစ်ကောင် အိပ်ပျော်နေတဲ့အချိန် သံပုရာသီးလက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခဲ့တယ်။ ပစ်ခတ် တဲ့အချိန် ငါးကောင်သေ၊ တစ်ကောင်အပြင်းအထန်ဒဏ်ရာရပြီး နှစ်ကောင်က အချက်သုံးဆယ်လောက်ပြန်ပစ်ခဲ့တယ်။ ရဲဘော်တွေကတော့ လွတ်ကင်းတဲ့နေရာရောက်ပြီ။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ခွဲ(၃) True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ကလည်း မြင်းမူမြန် မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း-၇ ZERO ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook