Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မြရည်နန္ဒာအိမ်ရာကို စစ်အုပ်စု ဧည့်စာရင်းအကြောင်းပြပြီး လူ၃၀ ခန့်ဖမ်းဆီး

မနေ့ကညပိုင်း ၁၀ နာရီဝန်းကျင်မှာ အိမ်ရာ ဝင်ထွက်ပေါက်တွေကို ပိတ်လိုက်ပြီး အချုပ်ကားပါ ခေါ်လာကာ အင်အားအများအပြားနဲ့တိုက်ခန်းတွေကို စစ်ဆေးခဲ့တာပါ။

မန္တလေး မြရည်နန္ဒာအိမ်ရာကို စစ်အုပ်စု ဧည့်စာရင်းအကြောင်းပြပြီး လူ၃၀ ခန့်ဖမ်းဆီး
မန္တလေး မြရည်နန္ဒာအိမ်ရာကို စစ်အုပ်စု ဧည့်စာရင်းအကြောင်းပြပြီး လူ၃၀ ခန့်ဖမ်းဆီး

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာဝင်းမှာ မနေ့က ညပိုင်းက စစ်အုပ်စု ဧည့်စာရင်းဝင်စစ်ကာ လူ ၃၀ ဦးခန့် ဖမ်းဆီးသွားတယ်လို့အဲဒီအိမ်ရာမှာနေထိုင်သူတွေထံက စုံစမ်းသိရပါတယ်။

မနေ့ကညပိုင်း ၁၀ နာရီဝန်းကျင်မှာ အိမ်ရာ ဝင်ထွက်ပေါက်တွေကို ပိတ်လိုက်ပြီး အချုပ်ကားပါ ခေါ်လာကာ အင်အားအများအပြားနဲ့တိုက်ခန်းတွေကို စစ်ဆေးခဲ့တာပါ။

” ဧည့်စာရင်းဆိုပြီး တိုက်ခန်းတံတားကို ခြေထောက်တွေနဲ့ကန် သေနတ်တွေနဲ့ထုပြီးဝင်လာတာ” လို့ အိမ်ရာမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ဖုန်းတွေကိုလည်း စစ်ဆေးတာတွေရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဧည့်စာရင်းတိုင်တာမရှိဘူးဆိုပြီး လုံခြုံရေးကုမ္ပဏီ အမျိုးသားဝန်ထမ်း ၂၀ ဦးနဲ့ အိမ်ရာဝင်းထဲ နေထိုင်သူ ၁၀ ခန့်ကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

ဖမ်းခေါ်ခံရသူတွေထဲ အမျိုးသမီးတွေပါဝင်တာမရှိဘူးလို့ကနဦးစုံစမ်းသိရပါတယ်။

မြရည်နန္ဒာအိမ်ရာ ဝင်းကို စစ်အုပ်စုဟာ ည ၁၂ ကျော်တဲ့အထိ စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။