Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မြရည်နန္ဒာအိမ်ရာကို စစ်အုပ်စု ဧည့်စာရင်းအကြောင်းပြပြီး လူ၃၀ ခန့်ဖမ်းဆီး

မနေ့ကညပိုင်း ၁၀ နာရီဝန်းကျင်မှာ အိမ်ရာ ဝင်ထွက်ပေါက်တွေကို ပိတ်လိုက်ပြီး အချုပ်ကားပါ ခေါ်လာကာ အင်အားအများအပြားနဲ့တိုက်ခန်းတွေကို စစ်ဆေးခဲ့တာပါ။

မန္တလေး မြရည်နန္ဒာအိမ်ရာကို စစ်အုပ်စု ဧည့်စာရင်းအကြောင်းပြပြီး လူ၃၀ ခန့်ဖမ်းဆီး
မန္တလေး မြရည်နန္ဒာအိမ်ရာကို စစ်အုပ်စု ဧည့်စာရင်းအကြောင်းပြပြီး လူ၃၀ ခန့်ဖမ်းဆီး

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာဝင်းမှာ မနေ့က ညပိုင်းက စစ်အုပ်စု ဧည့်စာရင်းဝင်စစ်ကာ လူ ၃၀ ဦးခန့် ဖမ်းဆီးသွားတယ်လို့အဲဒီအိမ်ရာမှာနေထိုင်သူတွေထံက စုံစမ်းသိရပါတယ်။

မနေ့ကညပိုင်း ၁၀ နာရီဝန်းကျင်မှာ အိမ်ရာ ဝင်ထွက်ပေါက်တွေကို ပိတ်လိုက်ပြီး အချုပ်ကားပါ ခေါ်လာကာ အင်အားအများအပြားနဲ့တိုက်ခန်းတွေကို စစ်ဆေးခဲ့တာပါ။

” ဧည့်စာရင်းဆိုပြီး တိုက်ခန်းတံတားကို ခြေထောက်တွေနဲ့ကန် သေနတ်တွေနဲ့ထုပြီးဝင်လာတာ” လို့ အိမ်ရာမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ဖုန်းတွေကိုလည်း စစ်ဆေးတာတွေရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဧည့်စာရင်းတိုင်တာမရှိဘူးဆိုပြီး လုံခြုံရေးကုမ္ပဏီ အမျိုးသားဝန်ထမ်း ၂၀ ဦးနဲ့ အိမ်ရာဝင်းထဲ နေထိုင်သူ ၁၀ ခန့်ကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

ဖမ်းခေါ်ခံရသူတွေထဲ အမျိုးသမီးတွေပါဝင်တာမရှိဘူးလို့ကနဦးစုံစမ်းသိရပါတယ်။

မြရည်နန္ဒာအိမ်ရာ ဝင်းကို စစ်အုပ်စုဟာ ည ၁၂ ကျော်တဲ့အထိ စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး