Connect with us

Hi, what are you looking for?

သတင်း

စပါးအ​ခြေခံဈေးနှုန်းကို ပြင်ပ​ဈေးထက် ထက်ဝက်ခန့်​လျှော့၍စစ်ကောင်စီသတ်မှတ်

စစ်ကောင်စီကမူစပါးစိုက်တောင်သူတွေသင့်တော်မျှတ​သော ဈေးနှုန်းနှင့်ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ဈေးနှုန်းသတ်မှတ်ပေးခြင်းဖြစ်သည်ဟု အ​ကြောင်းပြသည်။

စပါးအ​ခြေခံဈေးနှုန်းကို ပြင်ပ​ဈေးထက် ထက်ဝက်ခန့်​လျှော့၍စစ်ကောင်စီသတ်မှတ်
စပါးအ​ခြေခံဈေးနှုန်းကို ပြင်ပ​ဈေးထက် ထက်ဝက်ခန့်​လျှော့၍စစ်ကောင်စီသတ်မှတ်

▪︎ စစ်​ကောင်စီသတ်မှတ်နှုန်း​တောင်သူများအရှုံး​ပေါ်နိုင်ပြီးလာမည့်နှစ်စပါးစိုက်ပျိုးမှု​လျော့နိုင်ဟု​တောင်သူနှင့်လုပ်ငန်းရှင်အချို့​ပြော

စပါးတင်းတစ်ရာလျင် ပြင်ပပေါက်ဈေးကျပ်၁၀သိန်းကျော်ရှိနေချိန်တွင် စစ်ကောင်စီကအခြေခံစပါးဈေးကိုကျပ် ၆၃၀,၀၀၀သာ သတ်မှတ်လိုက်‌ကြောင်း ထုတ်ပြန်သည်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊သဲ၊ခဲ ကင်းစင်ပြီး အရည်အသွေးစံညွန်းကိုက်ညီသည့် စပါးတင်း တစ်ရာ၏ အခြေခံရည်ညွန်းဈေးကို တင်း၁၀၀လျှင် ခြောက်သိန်းသုံး​သောင်းကျပ်ဖြစ်သည်ဟု စစ်ကောင်စီက နိုဝင်ဘာ ၁၁ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းမြင့်တက်ပြီးကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် စက်သုံးဆီ၊ ဓာတ်မြေဩဇာအပါအဝင် လး်ယာသုံးသွင်းအားစုများအဆမတန်မြင့်တက်ချိန်တွင် စစ်ကောင်စီက ယခုလို ပြင်ပပေါက်ဈေးထက် အဆမတန်ဈေးနှိမ့်ပြီး သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“ဒီလထဲမှာ တင်း၁၀၀ ကို ဆယ်သိန်းကျော်ဝယ်နေတဲ့အချိန်မှာအခုလို၆သိန်းကျော်ပဲသတ်မှတ်ပေးတာတော်တော်လေးအဆင်မပြေဘူး။မြေဩဇာဈေး၊ ပိုးသတ်ဈေး ဒီလောက်ဈေးကြီးနေချိန်မှ စပါးဈေးကောင်းမရရင် နောက်နှစ်စိုက်ကျဖို့ အခက်အခဲဖြစ်လိမ့်မယ်”ဟု ဧရာဝတီတိုင်းမှ လယ်ပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကမူစပါးစိုက်တောင်သူတွေသင့်တော်မျှတ​သော ဈေးနှုန်းနှင့်ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ဈေးနှုန်းသတ်မှတ်ပေးခြင်းဖြစ်သည်ဟု အ​ကြောင်းပြသည်။

စစ်ကောင်စီ၏ သတ်မှတ်ဈေးနှုန်းသည်တောင်သူများအတွက်အရှုံးပေါ်စေပြီး နောက်နှစ်များတွင်စိုက်ပျိုးနှုန်းလျော့နိုင်သည်ဟုပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

(စပါးရိတ်သိမ်း​နေ​သော ​တောင်သူအချို့။ ။ဓါတ်ပုံ-ကမ္ဘာ့ဘဏ်)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစပါးစိုက်ပျိုးမှု​လျော့နည်းလာပြီးမိုးစပါးစိုက်ဧက ၁၂ သိန်းကျော်အနက်ယခုနှစ်ဧက ၅ သိန်း​ကျော်သာစိုက်ပျိုးနိုင်ဟုလယ်သမားအ​​ရေး​ဆောင်ရွက်သူ​တွေ​ပြော

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။