Connect with us

Hi, what are you looking for?

သတင်း

သိမ်ဖြူလမ်းပေါ်ရှိ ငွေလဲဆိုင် ဓားပြတိုက်ခံရ၊ ကျပ်သိန်း သုံးရာကျော်ပါသွား

အခင်းဖြစ်သည့်နေရာသည့် စစ်ကောင်စီဝင်များလာရောက်စစ်ဆေးခဲ့ပြီး ကျန်ခဲ့သည့် သေနတ်ကိုလည်း သိမ်းသွားကြောင်း အထက်ပါမန်နေဂျာကပြောသည်။

သိမ်ဖြူလမ်းပေါ်ရှိ ငွေလဲဆိုင် ဓားပြတိုက်ခံရ၊ ကျပ်သိန်း သုံးရာကျော်ပါသွား
သိမ်ဖြူလမ်းပေါ်ရှိ ငွေလဲဆိုင် ဓားပြတိုက်ခံရ၊ ကျပ်သိန်း သုံးရာကျော်ပါသွား

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူလမ်းမပေါ်ရှိ ‘Ye Min Aung’ငွေလဲဆိုင်ကို ယနေ့ညနေက အနုကြမ်းစီးခံရမှုဖြစ်ပွားရာ ကျပ်သိန်းသုံးရာနှင့် အမေရိကန် ဒေါ်လာသုံးရာပါသွားကြောင်း ယင်းဆိုင်မန်နေဂျာက ပြောသည်။

“ညနေ ၄ နာရီ ၁၀မိနစ်လောက်က ။ သူတို့ကပါလာတာ ငါးယောက် ။ ကားထဲမှာ တစ်ယောက်နေခဲ့တယ်။ အပြင်မှာက Checking လုပ်နေတာတစ် ယောက်။ သုံးယောက်က ဆိုင်ထဲကိုဝင်လာတာ။ ဝင်လာပြီး သေနတ်မောင်းတင်ပြီး ရှိတာတွေ အကုန်ထုတ်ခိုင်းတာ။သူတို့က မှန်ကောင်တာကို ရိုက်ခွဲပြီး အထဲထဲကိုဝင်တာ” ဟု ၎င်းက ပြောသည်။

သိမ်ဖြူလမ်းပေါ်ရှိ ငွေလဲဆိုင် ဓားပြတိုက်ခံရ၊ ကျပ်သိန်း သုံးရာကျော်ပါသွား
သိမ်ဖြူလမ်းပေါ်ရှိ ငွေလဲဆိုင် ဓားပြတိုက်ခံရ၊ ကျပ်သိန်း သုံးရာကျော်ပါသွား

စနေနေ့ဖြစ်သောကြောင့်ဆိုင်တွင် အမျိုးသားဝန် ထမ်းများ နားရက်ယူသည့်ရက်ဖြစ်သလို ကားဒရိုင်ဘာကလည်း ကားသွားပြင်နေသောကြောင့် အမျိုးသမီး နှစ်ဦးသာရှိသည်ဟု ၎င်းက ဆိုသည်။

“ဝန်ထမ်းတွေကို ခေါင်းငုံ့ခိုင်းတယ်။ အဲဒီ့မှာ ဝန်ထမ်းလေးက သူ့လက်မောင်းနဲ့ Alarm ကိုထိလိုက်တာ။ Alarm မြည်တော့ ထွက်ပြေးကြတာ။သေနတ်ကျန်ခဲ့တယ်။ဖိနပ်လည်းကျန်ခဲ့တယ် ” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်မှာ ၁၀မိနစ်ခန့်သာကြာမြင့်ပြီး အနုကြမ်းစီးသူများ စီးလာသည့်ကားသည် ဖြစ်စဉ်မဖြစ်မီ မိနစ်နှစ်ဆယ်ခန့်ကတည်းက ဆိုင်ရှေ့၌ ကားရပ် ကာစောင့်ကြည့်နေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီနားက လမ်းမတန်းကြီး ။ အချိန်တိုင်း လုံခြုံရေးရှိတယ်။ ထိပ်မှာလည်း ရဲတွေ စစ်သားတွေရှိတယ်။ လမ်း ငါးဂွဆုံဆိုတော့ မော်တော်ပီကယ်ကင်းမှာလည်း တစ်ယောက်ရှိတယ်။ အဲဒီ့ကတစ်ယောက်က ရဲဒင်းယူပြီး ခုတ်ဖို့လာတယ်။ အဲဒီ့မှာပါလာတဲ့တစ်ယောက်က သေနတ်ချိန်လိုက်လို့ ဆက်မလုပ်ဘဲ နောက်ဆုတ်သွားတာ” ဟု ၎င်းကပြောသည်။

အခင်းဖြစ်သည့်နေရာသည့် စစ်ကောင်စီဝင်များလာရောက်စစ်ဆေးခဲ့ပြီး ကျန်ခဲ့သည့် သေနတ်ကိုလည်း သိမ်းသွားကြောင်း အထက်ပါမန်နေဂျာကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

Facebook