Connect with us

Hi, what are you looking for?

သတင်း

ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်မှု စခန်းမှူးအပါအဝင် ရဲ သုံးဦးသေ၊ လက်နက်မျိုးစုံ ၇လက်ရဟု နဂါးနီစစ်ကြောင်း အသိပေး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ့နေအိမ်နှင့်အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြသည်။

(ဖမ်းမိသော ရဲများနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)
(ဖမ်းမိသော ရဲများနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)

▪️KNLAပူးပေါင်းတပ်နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ထိခိုက်မှုမရှိ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့မှ တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံး၊ နှစ်ဦးထွက်ပြေးပြီး လေးဦးအရှင်ဖမ်းမိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ယနေ့ နံနက်တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၂ရက်က ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်ခဲ့ရာ စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးခဲ့သည်ဟု ဆိုသည်။ ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ ထွက်ပြေးသွားပြီး တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအတွင်း AK 47တစ်လက်၊M16 ၄လက်၊G3 တစ်လက်၊၆၀ မမပြောင်းတို တစ်လက်၊ရှေ့ထွက်မိုင်း ၂လုံး၊AK 47 ကျည် ၂၀၀၊M16 ကျည်၅၀၀၊G3 ကျည် ၃၀၀၊(၆၀)မမကျည် ၁၀လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပြီးချိန်တွင် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များအထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ့နေအိမ်နှင့်အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။