Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းအား တိုက်ခိုက်၊ စစ်ဗိုလ်နှင့်ပျူခေါင်းဆောင်များ သေဆုံးဟု မြိုင်(ပကဖ)ပြော

သေဆုံးသူနှင့် ဒဏ်ရာရသူများအား Fawကားဖြင့် သရက်ကန်ရွာသို့ သယ်ဆောင်သွား​ကြောင်း၊ ဒဏ်ရာရရှိသူများအား ကမ္မရှိပျုများက လုံခြုံရေးပေးကာ ပခုက္ကူသို့ ပို့ဆောင်ခဲ့သည်ဟုသိရကြောင်း ကိုလက်ယျာက ပြောသည်။

သိမ်းဆ​ည်းရမိသောဆိုင်ကယ်၊ ဓာတ်ပုံ-မြိုင်ပကဖ
သိမ်းဆ​ည်းရမိသောဆိုင်ကယ်၊ ဓာတ်ပုံ-မြိုင်ပကဖ

​မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် မြို့အဝင်စစ်ကောင်စီဂိတ်အပါအဝင် စစ်ကောင်စီယာဥ်တန်းနှင့်စစ်ကြောင်းအား တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးနှင့် ပျူခေါင်းဆောင်အပါအဝင် ၇ ဦးခန့်သေဆုံးကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေ ၅ နာရီခွဲခန့်က အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် Faw ကားတစ်စီး၊ ကားအသေးတစ်စီး၊ ဆိုင်ကယ်၂စီးနှင့် ခြေလျင်စစ်ကြောင်းဖြင့် မြိုင်မြို့နယ် ကန်ကလေးကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်လာခဲ့သည်။

အဆိုပါအဖွဲ့ကို မြိုင်(ပကဖ)နှင့် စင်္ကြာကာကွယ်ရေးတပ်ဖွဲ့၊ MUGDF တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကန်ကလေးရွာအနီးရှိ သင်္ချိုင်းကုန်းအနီးတွင် မိုင်း သုံးလုံးဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ပျူခေါင်းဆောင်အပါအဝင် ၅ ဦးခန့်သေဆုံးကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများအား Fawကားဖြင့် သရက်ကန်ရွာသို့ သယ်ဆောင်သွား​ကြောင်း၊ ဒဏ်ရာရရှိသူများအား ကမ္မရှိပျုများက လုံခြုံရေးပေးကာ ပခုက္ကူသို့ ပို့ဆောင်ခဲ့သည်ဟုသိရကြောင်း ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ ဖြစ်စဥ်တွင် မြိုင်(ပကဖ)က ပျူများထံမှ ဆိုင်ကယ်တစ်စီး သိမ်းဆည်းခဲ့သည်။

ယနေ့ နံနက်၃နာရီခန့်ကလည်း မြိုင်မြို့၏မြောက် ဘက်၌ ဘန်ကာအခိုင်အမာဆောက်၍ တပ်ဆွဲထားသော စစ်အုပ်စုဝင်များအား နံနက် ၃နာရီခန့်တွင် လက်နက်ငယ်များဖြင့် မိနစ် ၂၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ယောက်လဲကျသွားကြောင်း၊ ယမန်နေ့ (နိုဝင်ဘာ ၁၃ရက်)ည ၁၁နာရီအချိန်မှစ၍ ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုလက်ယျာက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီ ၂၅ မိနစ်ခန့်ကလည်း ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မြိုင် ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၂ )တို့ ပူးပေါင်း၍ သရက်ကန်ပျုစောထီးစခန်းမှ စက်မှူ-၂ သို့ပြန်လာသော စစ်ကား ၂စီးအား ကျောက်တိုင်လမ်းဆုံတွင် ရှေ့ထွက်မိုင်း သုံးလုံးဆွဲကာ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ Light Truck ကားပေါ်မှ စစ်သားနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

“ဒီကနေ့ညနေက စက်မှု(၂)ကိုလာတဲ့ ကားတွေ။ စက်မှု(၂)ကိုလာတဲ့ ပြောင်းတွေကို ရှေ့ထွက်ပြောင်းနဲ့ဆွဲတာ။ သေဆုံးမှုကတော့ နှစ်ယောက်ကတော့ ကားပေါ်မှာတင် ပိုးလိုးပက်လက်လန်သွားတယ်။ ဒဏ်ရာရရှိမှုများနိုင်တယ်။”ဟု ကိုလက်ယျာက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် ပျူကားများအနီး၌ အနီးကပ်မနေမိစေရန် မြိုင်မြိုင်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook