Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်အတွင်း ရေမြုပ်မိုင်းစမ်းသပ်စဥ် မတော်တဆပေါက်ကွဲ၍ PDF ရဲဘော်သုံးဦးကျဆုံး

“နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ စကစ ကိုတော်လှန်နေသော ရဲဘော်များအား လေးစား ဂုဏ်ယူနေပါတယ်။သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ်။”ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

(ကျဆုံးသွားသောရဲဘော်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု)
(ကျဆုံးသွားသောရဲဘော်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ် အတွင်း၌ ရေမြုပ်မိုင်းစမ်းသပ်ထောင်စဥ်ပေါက်ကွဲခဲ့၍ PDFရဲဘော်၃ဦး ကျဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၁ ရက်က ကောင်းကင်တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ရဲဘော်ဖိုးသား၊ ဒေါင်းစစ်သည် (မတ္တရာ) အဖွဲ့ဝင် DMW၊ MGUFF အဖွဲ့ဝင် ဘရိတ်တို့သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် ဧရာဝတီမြစ်အတွင်း၌ ရေမြုပ်မိုင်း စမ်းသပ်ထောင်စဥ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားပြီး သုံးဦးလုံး ကျဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ စကစ ကိုတော်လှန်နေသော ရဲဘော်များအား လေးစား ဂုဏ်ယူနေပါတယ်။သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ်။”ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ကောင်းကင်တော်လှန်ရေး အင်အားစုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ဧရာဝတီမြစ်အရှေ့ခြမ်း မတ္တရာနှင့်စဥ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးမှုများပြုလုပ်နေပြီး မြစ်အနောက်ဘက်ကမ်းရှိ ဝက်လက်မြို့နယ်ဘက်သို့ပါ စစ်ကြောင်းထိုးတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့