Connect with us

Hi, what are you looking for?

သတင်း

KRU ၏ တတိယအကြိမ်​မြောက်တိုက်ခိုက်​ရေးစွမ်းရည်မြှင့်သင်တန်းဆင်း

ကရင်နီဒေသအတွင်း တော်လှန်ရေးအင်အားစု များအနက် KRU သည် စစ်ကောင်စီကို ခုခံတိုက်ခိုက်လျှက်ရှိသော ဒေသခံတပ်ပေါင်းစု ဖြစ်သည်။

(ဓါတ်ပုံ-KRU)
(ဓါတ်ပုံ-KRU)

အရည်အသွေးစွမ်းဆောင်ရည်နှင့်အထူးစစ်ဆင်​ရေးများပါဝင်သည့် လေ့ကျင့်ရေးသင်တန်း တတိယအသုတ်ကိုယနေ့(နိုဝင်ဘာ ၁၇ ရက်) ပြီးဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ထုတ်ပြန်သည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၏ အပတ်စဉ် (C) အထူးမွမ်းမံ သင်တန်းတွင် ရဲဘော်များ စွမ်းဆောင်ရည် ပိုမို မြင့်မားစေရန် နှင့် စည်းလုံး ညီညွတ်မူရှိစေရန် ‌ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဟု အသိပေးသည်။

(ဓါတ်ပုံ-KRU)
(ဓါတ်ပုံ-KRU)

ကရင်နီဝောာ်လှန်ရေးတပ်ပေါင်းစု သည် စစ်​ကောင်စီတပ်ကို ပိုမိုထိရောက်စွာတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ကြေညာသည်။

“သင်တန်းကာလမှာ တိုက်ပွဲ အတွေ့အကြုံရှိပြီးသားရဲဘော်တွေ ပါတယ်။အဓိကတော့ မြို့ပြတိုက်ပွဲတွေဒီထက်ဗျူဟာကျကျ ဘယ်လိုဖော်ဆောင်မလဲ ဆိုတာတွေလည်း ပါတယ်။ရက် ပေါင်း ၂၀ အတွင်းမှာ သင်တန်းသားရဲဘော် ၈၀ ကျော် တက်ရောက်ပြီးအောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့တယ်”ဟု KRU တာဝန်ရှိသူက People’s Spring သတင်းဌာနသို့​ပြောသည်။

Public Service Announcement

Public Service Announcement

(ဓါတ်ပုံ-KRU)
(ဓါတ်ပုံ-KRU)

ထို့အပြင် သင်တန်းအတွင်း အဘက်ဘက်မှ ထောက်ပံ့ ကူညီပေးကြသောပြည်သူများအားကျေးဇူးအထူးတင်ရှိပြီး အရေးတော်ပုံ အောင်သည် ထိ ပြည်သူများနှင့် အတူ တိုက်ပွဲ ဝင်သွားမည်ဟု KRU က ကတိပြုသည်။

(ဓါတ်ပုံ-KRU)
(ဓါတ်ပုံ-KRU)

ကရင်နီဒေသအတွင်း တော်လှန်ရေးအင်အားစု များအနက် KRU သည် စစ်ကောင်စီကို ခုခံတိုက်ခိုက်လျှက်ရှိသော ဒေသခံတပ်ပေါင်းစု ဖြစ်သည်။

KRU ကို ယခုနှစ် လေးလပိုင်းက စတင်ဖွဲ့စည်း ခဲ့ပြီး KDF ၊ JPDF ၊ GZ-21 loikaw ၊ Medic unit နှင့် SSPDF စသည့် အဖွဲ့များ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်က သိုက်တူကုန်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်(၆)ရဲ့ အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ KNDFက ဒီဇင်ဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများသည် ရှေ့တန်းသို့ပို့ဆောင်ခံရပြီး သေဆုံးမှုများ ဆက်တိုက်ရှိသည်။

သတင်း

ထီးလင်းမြို့တောင်ဘက် သရခါကျေးရွာအနီးတွင် လည့်ကင်းရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။