Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ် ကျောက်ရစ်စခန်းမှထွက်လာသည့် စစ်အုပ်စုကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်တောက်ထွန်းက ပြောသည်။

မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-MBTT
မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-MBTT

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှထွက်လာသော စစ်အုပ်စုကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၀ ရက်) ည ၇နာရီခန့်က ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦးအား ကျောက်ရစ်နှင့် သရက်သာရွာကြားတွင် ပဒေသာမိုင်း(၂)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်တောက်ထွန်းက ပြောသည်။

“အဲဒီစစ်ကြောင်းက ရက်ခြား ညမှာစစ်​ကြောင်းထိုးတယ်။ အရင်က ​ွေးတွေက ကင်းကို သုံးလေးခါလောက်ဖြုတ်ဖြုတ်သွားတာ။ ဒီတစ်ခါကျ အဲဒီနားမှာပဲ ကင်းယူပြီးစောင့်တာ။ အရှေ့ကင်းပုန်းဝပ်ရင်း လာဖြုတ်ရင်းနေမှာပေါ့။ အဲဒီအချိန် သူတို့အနားမှာရောက်တဲ့အချိန် ခွဲလိုက်တာ။”ဟု ဗိုလ်တောက်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထိခိုက်သူများအား ကျောက်ရစ်ရွာ၌ ကုသရန်အဆင်မပြေ၍ ညတွင်းချင်း စစ်ကြောင်းထိုးပြီး ချင်းတွင်းမြစ်ကြောင်းဘေး ကျောက်တန်းကျေးရွာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်တွင်လ​ည်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-MBTT

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook