Connect with us

Hi, what are you looking for?

သတင်း

အမျိုးသားနေ့ စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်ကျဉ်း ၄၀၂ ဦးသာပါဝင်

လွှတ်ပေးတဲ့အကျဉ်းသူ၊အကျဉ်းသားတွေထဲ အကျဉ်းထောင် ၁၉ ခုကနေ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦးလွတ်လာတာကိုအတည်ပြုနိုင်တယ်လို့ AAPP ကဆိုထားပါတယ်။

အမျိုးသားနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း
အမျိုးသားနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း

အမျိုးသားနေ့မှာ စစ်ကောင်စီက အကျဉ်းသား ၆,၀၀၀ နီးပါးလွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦးပါဝင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ပါတယ်။

လွှတ်ပေးတဲ့အကျဉ်းသူ၊အကျဉ်းသားတွေထဲ အကျဉ်းထောင် ၁၉ ခုကနေ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦးလွတ်လာတာကိုအတည်ပြုနိုင်တယ်လို့ AAPP ကဆိုထားပါတယ်။

ဒါပေမယ့် အဲဒီ ၄၀၂ ဦးထဲက အမည်နဲ့ စာရင်းပြုစုနိုင်တာ ဒီနေ့ ( နိုဝင်ဘာလ ၂၁) ညနေ ၃ နာရီအထိ ၁၆၁ ဦး သာ ရှိသေးတယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီဟာ လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသား အမည်စာရင်းကိုအနည်းငယ်စာထုတ်ပြန်ပြီးအများစုကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်တာမရှိဘူးလို့လည်း AAPP ကထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မတရားဖမ်းဆီးထားသူတွေအများအပြားရှိနေပြီး နိုင်ငံရေးအကျဉ်းသားအနည်းငယ် ပြန်လွှတ်ရုံနဲ့ စစ်ကောင်စီ ပြောင်းလဲလာပြီလို့ တွက်ဆရင် အမှားကြီးမှားလိမ့်မယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာကို သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။