Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က မြိုင်နယ် ဗဟင်းရဲစခန်းကို မီးပြန်ရှို့ပြီး ကျေးရွာကိုပါမီးရှို့နေ

စစ်ကောင်စီတပ်သည် စခန်းရုပ်ပြီးနောက် စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပိုမိုပြုလုပ်လာနိုင်၍ ဒေသခံပြည်သူများ မြိုင်မြို့နယ်ရှိ လမ်းမကြီးများ၌ သွားလာခြင်းမပြုကြရန်၊ အဆိုပါ လမ်းများအား အရေးပေါ်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း မြိုင်ပကဖအဖွဲ့က အသိပေးသည်။

ဗဟင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ် ၊ဓာတ်ပုံ-ခွန်းဆက်
ဗဟင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ် ၊ဓာတ်ပုံ-ခွန်းဆက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာကြီးတစ်ရွာဖြစ်သော ဗဟင်းကျေးရွာနှင့် ယင်းကျေးရွာရှိရဲစခန်းအား စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ ကျေးရွာလည်း မီးရှို့ဖျက်ဆီးခံရ၍ သုံးပုံနှစ်ပုံခန့် မီး​လောင်ဆုံးရှုံးနေပြီဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

အင်အား ၁၀၀ခန့်ပါသော စစ်ကောင်စီတပ်သည် မြိုင်မြို့မှ နိုဝင်ဘာ၁၈ ရက်တွင် ထွက်ခွာလာကာ ဗဟင်းကျေးရွာရှိ ဗဟင်းရဲစခန်းသို့ ယမန်နေ့ (နိုဝင်ဘာ၂၀ ရက်) ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း၊ ယနေ့ (နိုဝင်ဘာလ ၂၁ ရက်)နံနက် ၉နာရီခန့်ကစ၍ ဗဟင်းကျေးရွာရှိ နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင်တပ်ရင်း (၇)တာဝန်ခံ ကိုမိုက်တီးက အသိပေးသည်။

“ဗဟင်းက မနက်အစောကတည်းက မီးရှို့နေတာ။ သူတို့ရဲစခန်းရောအကုန်လုံး။ အချုပ်ကင်းတွေရှိတဲ့နေရာတွေ အကုန်ပြောင်သွားပြီ။စခန်းရုပ်တော့မယ့် သဘောထင်တယ်။ သရက်ကန်စခန်းလိုပဲ။ ခုညထိကို မီးမငြိမ်းသေးဘူး။ ရွာတွေထဲကော မီးရှို့တာ။ ရွာကအိမ်တွေက သုံးပုံပုံ နှစ်ပုံလောက်ကိုပါနေပြီ။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ယနေ့ည ၇ နာရီ၄၉မိနစ်ခန့်တွင် ပြောကြားသည်။

Public Service Announcement
Public Service Announcement

ဗဟင်းကျေးရွာသည် မြိုင်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်မှုအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာရဲစခန်းအား ဝင်အတိုက်ခံရခြင်း၊ ဒေသတွင်း PDFများနှင့် တိုက်ပွဲဖြစ်ပွားခြင်းများ မကြာခဏရှိခဲ့ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စခန်းရုပ်ပြီးနောက် စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပိုမိုပြုလုပ်လာနိုင်၍ ဒေသခံပြည်သူများ မြိုင်မြို့နယ်ရှိ လမ်းမကြီးများ၌ သွားလာခြင်းမပြုကြရန်၊ အဆိုပါ လမ်းများအား အရေးပေါ်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း မြိုင်ပကဖအဖွဲ့က အသိပေးသည်။

ထို့အပြင် ဒေသခံပြည်သူများအား ဓါးစာခံအဖြစ်ဖမ်းဆီးခြင်းများ ပြုလုပ်ခံရနိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်မှုများကို အလေးထားလိုက်နာကြပါရန် မြိုင်ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။