Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က မြိုင်နယ် ဗဟင်းရဲစခန်းကို မီးပြန်ရှို့ပြီး ကျေးရွာကိုပါမီးရှို့နေ

စစ်ကောင်စီတပ်သည် စခန်းရုပ်ပြီးနောက် စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပိုမိုပြုလုပ်လာနိုင်၍ ဒေသခံပြည်သူများ မြိုင်မြို့နယ်ရှိ လမ်းမကြီးများ၌ သွားလာခြင်းမပြုကြရန်၊ အဆိုပါ လမ်းများအား အရေးပေါ်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း မြိုင်ပကဖအဖွဲ့က အသိပေးသည်။

ဗဟင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ် ၊ဓာတ်ပုံ-ခွန်းဆက်
ဗဟင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ် ၊ဓာတ်ပုံ-ခွန်းဆက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာကြီးတစ်ရွာဖြစ်သော ဗဟင်းကျေးရွာနှင့် ယင်းကျေးရွာရှိရဲစခန်းအား စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ ကျေးရွာလည်း မီးရှို့ဖျက်ဆီးခံရ၍ သုံးပုံနှစ်ပုံခန့် မီး​လောင်ဆုံးရှုံးနေပြီဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

အင်အား ၁၀၀ခန့်ပါသော စစ်ကောင်စီတပ်သည် မြိုင်မြို့မှ နိုဝင်ဘာ၁၈ ရက်တွင် ထွက်ခွာလာကာ ဗဟင်းကျေးရွာရှိ ဗဟင်းရဲစခန်းသို့ ယမန်နေ့ (နိုဝင်ဘာ၂၀ ရက်) ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း၊ ယနေ့ (နိုဝင်ဘာလ ၂၁ ရက်)နံနက် ၉နာရီခန့်ကစ၍ ဗဟင်းကျေးရွာရှိ နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင်တပ်ရင်း (၇)တာဝန်ခံ ကိုမိုက်တီးက အသိပေးသည်။

“ဗဟင်းက မနက်အစောကတည်းက မီးရှို့နေတာ။ သူတို့ရဲစခန်းရောအကုန်လုံး။ အချုပ်ကင်းတွေရှိတဲ့နေရာတွေ အကုန်ပြောင်သွားပြီ။စခန်းရုပ်တော့မယ့် သဘောထင်တယ်။ သရက်ကန်စခန်းလိုပဲ။ ခုညထိကို မီးမငြိမ်းသေးဘူး။ ရွာတွေထဲကော မီးရှို့တာ။ ရွာကအိမ်တွေက သုံးပုံပုံ နှစ်ပုံလောက်ကိုပါနေပြီ။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ယနေ့ည ၇ နာရီ၄၉မိနစ်ခန့်တွင် ပြောကြားသည်။

Public Service Announcement
Public Service Announcement

ဗဟင်းကျေးရွာသည် မြိုင်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်မှုအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာရဲစခန်းအား ဝင်အတိုက်ခံရခြင်း၊ ဒေသတွင်း PDFများနှင့် တိုက်ပွဲဖြစ်ပွားခြင်းများ မကြာခဏရှိခဲ့ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စခန်းရုပ်ပြီးနောက် စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပိုမိုပြုလုပ်လာနိုင်၍ ဒေသခံပြည်သူများ မြိုင်မြို့နယ်ရှိ လမ်းမကြီးများ၌ သွားလာခြင်းမပြုကြရန်၊ အဆိုပါ လမ်းများအား အရေးပေါ်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း မြိုင်ပကဖအဖွဲ့က အသိပေးသည်။

ထို့အပြင် ဒေသခံပြည်သူများအား ဓါးစာခံအဖြစ်ဖမ်းဆီးခြင်းများ ပြုလုပ်ခံရနိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်မှုများကို အလေးထားလိုက်နာကြပါရန် မြိုင်ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။