Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်နယ် ကောင်ဆန်ရွာ၌ တပ်စွဲရန်ပြင်နေသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

ယမန်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ စဘော့မှော်တွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ် တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁ဦးသေ၊ ၅ဦး ဒဏ်ရာရခဲ့သည်ဟု KIAက ယမန်နေ့တွင် အသိပေးထားသည်။

KIA တပ်သားတစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - The Kachin Net
KIA တပ်သားတစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - The Kachin Net

▪️အထိနာသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းပစ်၍ ဒေသခံများ သေဆုံး၊ဒဏ်ရာရ

တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေသည့် ကချင် ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့ တိုက်ပွဲဆက် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်၍ အရပ်သားပြည်သူလူထုများ သေဆုံးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကချင်သတင်းရင်းမြစ် များက ပြောသည်။

ဖားကန့်မြို့နယ် ကောင်ဆန်ရွာနှင့် ကျောက်တွင်းတောင်ကြား၌ စစ်ကောင်စီတပ်ကို ကချင်လွတ် လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ် ရေးတပ်(PDF) တို့က နိုဝင်ဘာ ၂၄ရက် နံနက် ၁၁နာရီခွဲခန့်တွင် ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟု KIA သတင်းရင်းမြစ်ကို ကိုးကားပြီး Kachinwaves က ဖော်ပြ သည်။ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ အများအပြားသေဆုံးကြောင်း KIA သတင်းရင်းမြစ် က ပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ရမ်းပစ်ခတ်ခဲ့ပြီး သောင်းကော့၊ ကောင်ဆန်နှင့် ကရင်ဂျောင် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ကချင်ဒေသ စစ်ရေးသတင်းများဖော်ပြနေသည့် သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ် က ယနေ့ (နိုဝင်ဘာ ၂၄ရက်)နံနက် ၁၁နာရီ ၄၅ မိနစ်မှစ၍ သောင်းကော့ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူတစ်ဦး သေဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရကာ ပြည်သူလူထု နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု အသိပေးထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ စစ်ရေးတင်းမာနေ၍ ယနေ့ပင် ဒေသတွင်းမှ ထွက်ခွာလာခဲ့သည်ဟု ပြောသည်။

“ဒီနေ့မှ ဆင်းခဲ့တာ။ အဲဒီဘက်က စစ်ရေးအခြေအနေ သိပ်မကောင်းဘူးဆိုပြီးမှ ကိုယ့်ခေါင်းပေါ်လည်း အချိန်မရွေးကျလာနိုင်တယ် ဆိုတာနဲ့ ဒီနေ့ ဆင်းခဲ့တာ။ တိုက်ပွဲဖြစ်တယ်ဆို ကောင်ဆန်မှာက စစ်တပ်က တပ်ရင်းတည်ဖို့လုပ်နေတာ။ အဲဒီမှာ ထိုင်ဖို့ လုပ်နေတာ။ အဲဒါဆိုတော့ အဲဒီမှာ သွားပစ်တာနေမှာပေါ့။ သူတို့က အင်အား၁၀၀ ကျော်နဲ့ အဲဒီမှာ စုနေတာ။ အရင်က အဲဒီနေရာမှာ ရဲတိုက်ခိုက်ရေးတပ်ရင်းရှိတာ။ အဲဒီ ရဲတိုက်ခိုက်ရေးတပ်ရင်းရှိတဲ့နေရာကို နှစ်ခေါက်လောက် KIA ကလာပစ်တဲ့အချိန်မှာ သူတို့က ရဲတပ်ရင်းက ပြောင်းသွားတာ။ တပ်တွေဆုတ်သွားတာ။ မရှိတော့ဘူး ။ အဲဒီနေရာမှ ပြန်ပြီးမှ တပ်ရင်းထိုင်မယ့်သဘောရှိတယ်” “ဟု ကချင်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က ကောင်ဆန်မှော်အပါအဝင် မှော် နှစ်ခု၌ တူးဖော်မှုများ လုံး၀မလုပ်ရန် ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်ဟု ၎င်းကဆိုသည်။

“အဲဒီနေရာတွေက တော်တော်ကောင်းတဲ့နေရာကိုး။ ဖားကန့်ရဲ့ တော့ဖိုက်မှာ ပါတဲ့နေရာ။ အဲဒါပဲ ကျန်တော့တာကိုး။ အဲဒါ ဘယ်သူမှ လာတူးတာ မမြင်ချင်ဘူးဆိုပြီး ပြောတယ် ကြားတယ်။ ဆိုတော့ ကောင်ဆန်မှာကလည်း ကျောက်ကြောတွေက ကျောက်တကယ့်ထွက်တဲ့နေရာတွေက ပြူးပြူးကြီးကို ပေါ်နေတာ။ ပြူးပြူးကြီးပေါ်နေတဲ့ကျောက်တွေ ရှာတူးမှာ ဒါတွေ ကာကွယ်တဲ့သဘောဖြစ်နိုင်တယ်”ဟု စစ်ကောင်စီတပ်က ကောင်ဆန်ဒေသ၌ တပ်စွဲနေထိုင်မည့် အခြေအနေနှင့် ပတ်သက်ပြီး ဒေသခံက မှတ်ချက်ပြုသည်။

ကောင်ဆန်ဒေသ တိုက်ပွဲနှင့် ဒေသခံများထိခိုက် မှု အခြေအနေကို မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

ယမန်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ စဘော့မှော်တွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ် တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁ဦးသေ၊ ၅ဦး ဒဏ်ရာရခဲ့သည်ဟု KIAက ယမန်နေ့တွင် အသိပေးထားသည်။

You May Also Like

သတင်း

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၆ရက်)က ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ညာတခိုကျိုး တပ်စခန်းအပါအဝင် စခန်းအချို့ သိမ်းရခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အလွန်နည်းပါးခဲ့သည့် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

လတ်တလောတွင် ချင်းရွှေဟော်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် ချင်းရွှေဟော်ဒေသ၌ စခန်းချနေသော်လည်း နှစ်ဖက်ပဋိပက္ခ ထပ်မံ ဖြစ်ပွားမှု မရှိဟု ဖော်ပြထားသည်။