Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော

အဲလို​​တွေ့ဆုံ​ဆွေး​နွေးတဲ့အခါ ​စော​ပေါလ်စိန်ထွားကလူ့အဖွဲ့အစည်းတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အခက်အခဲတွေ အများကြီး ကြုံတွေ့နေတာနဲ့ ပတ်သက်လို့ ဒုတိယ သမ္မတ ဟားရစ်ဆီ အသိပေး ပြောပြခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော
စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော

▪︎သံလွင်မြစ် လွတ်လပ်စွာစီးဆင်းနိုင်ဖို့ မဲ​ခေါင်​ဒေသမှာ အကြီးစား​ရေအားလျှပ်စစ်စီမံကိန်း​တွေမ​ဆောက်ဖို့လို့ ကန်အစိုးရကိုတိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်းလူမှု​ရေးအသင်းအဖွဲ့​တွေ အခက်အခဲ​တွေအများကြီးကြုံ​တွေ​နေတာနဲ့ပတ်သပ်ပြီး အ​​မေရီကန် ဒုတိယသမ္မတ ကန်မလာဟားရစ် ကို ကရင်သဘာဝပတ်ဝန်းကျင်နဲ့ လူမှု​ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက် (KESAN) အမှု​ဆောင်ဒါရိုက်တာ ​စော​ပေါလ်စိန်ထွားက​ပြောကြားခဲ့ပါတယ် ။

စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော
စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၀ ရက်နေ့ (တနင်္ဂနွေနေ့)မှာ KESANရဲ့ အမှုဆောင် ဒါရိုက်တာ ​​စော​ပေါလ်စိန်ထွားဟာ ဒေသတွင်းက လူမှုရေး အသင်းအဖွဲ့တွေ၊ ပြန်ပြည့်မြဲ စွမ်းအင် ကုမ္ပဏီတွေက တခြား ကိုယ်စားလှယ် ၅ ဦးနဲ့အတူ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အမေရိကန် ဒုတိယ သမ္မတ ကန်မလာ ဟားရစ်နဲ့ တွေ့ဆုံပြီး မဲခေါင်ဒေသရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ သန့်စင်စွမ်းအင်ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။

အဲလို​​တွေ့ဆုံ​ဆွေး​နွေးတဲ့အခါ ​စော​ပေါလ်စိန်ထွားကလူ့အဖွဲ့အစည်းတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အခက်အခဲတွေ အများကြီး ကြုံတွေ့နေတာနဲ့ ပတ်သက်လို့ ဒုတိယ သမ္မတ ဟားရစ်ဆီ အသိပေး ပြောပြခဲ့ပါတယ်။ဒါအပြင် အောက်ခြေအဆင့် သန့်စင်စွမ်းအင် လုပ်ငန်းစဉ်တွေကို ငဲ့ညှာပေးတဲ့ အနေနဲ့ ဘိုင်ဒန်-ဟားရစ် အစိုးရက မဲခေါင်ဒေသမှာ အကြီးစား ရေအားလျှပ်စစ် ဆည်ကြီးတွေ တည်ဆောက်မှုကနေ ရှောင်ရှားပေးဖို့လည်း သူက​တောင်းဆိုခဲ့ပါတယ်။

ဒါမှသာ သံလွင်မြစ်ဟာ လွတ်လွတ်လပ်လပ်နဲ့ ဆက်လက် စီးဆင်းနိုင်မယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒုတိယ သမ္မတ ဟားရစ်က ​စော​​ပေါလ်စိန်ထွားဆီက သတင်းစကားကို အသိအမှတ် ပြုခဲ့ပြီး ရာသီဥတုဆိုင်ရာ ရေရှည်တည်မြဲတဲ့ ဖြေရှင်းမှုတွေကို ဖော်ဆောင်ဖို့အတွက် ဒေသခံတွေရဲ့ အသံတွေကို နားစွင့်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။