Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော

အဲလို​​တွေ့ဆုံ​ဆွေး​နွေးတဲ့အခါ ​စော​ပေါလ်စိန်ထွားကလူ့အဖွဲ့အစည်းတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အခက်အခဲတွေ အများကြီး ကြုံတွေ့နေတာနဲ့ ပတ်သက်လို့ ဒုတိယ သမ္မတ ဟားရစ်ဆီ အသိပေး ပြောပြခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော
စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော

▪︎သံလွင်မြစ် လွတ်လပ်စွာစီးဆင်းနိုင်ဖို့ မဲ​ခေါင်​ဒေသမှာ အကြီးစား​ရေအားလျှပ်စစ်စီမံကိန်း​တွေမ​ဆောက်ဖို့လို့ ကန်အစိုးရကိုတိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်းလူမှု​ရေးအသင်းအဖွဲ့​တွေ အခက်အခဲ​တွေအများကြီးကြုံ​တွေ​နေတာနဲ့ပတ်သပ်ပြီး အ​​မေရီကန် ဒုတိယသမ္မတ ကန်မလာဟားရစ် ကို ကရင်သဘာဝပတ်ဝန်းကျင်နဲ့ လူမှု​ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက် (KESAN) အမှု​ဆောင်ဒါရိုက်တာ ​စော​ပေါလ်စိန်ထွားက​ပြောကြားခဲ့ပါတယ် ။

စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော
စစ်တပ်အာဏာသိမ်းပြီး​နောက် လူမှု​ရေးအသင်းအဖွဲ့​တွေရဲ့အခက်အခဲကို အ​မေရိကန်ဒုသမ္မတကို KESAN ​ပြော

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၀ ရက်နေ့ (တနင်္ဂနွေနေ့)မှာ KESANရဲ့ အမှုဆောင် ဒါရိုက်တာ ​​စော​ပေါလ်စိန်ထွားဟာ ဒေသတွင်းက လူမှုရေး အသင်းအဖွဲ့တွေ၊ ပြန်ပြည့်မြဲ စွမ်းအင် ကုမ္ပဏီတွေက တခြား ကိုယ်စားလှယ် ၅ ဦးနဲ့အတူ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အမေရိကန် ဒုတိယ သမ္မတ ကန်မလာ ဟားရစ်နဲ့ တွေ့ဆုံပြီး မဲခေါင်ဒေသရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ သန့်စင်စွမ်းအင်ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။

အဲလို​​တွေ့ဆုံ​ဆွေး​နွေးတဲ့အခါ ​စော​ပေါလ်စိန်ထွားကလူ့အဖွဲ့အစည်းတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အခက်အခဲတွေ အများကြီး ကြုံတွေ့နေတာနဲ့ ပတ်သက်လို့ ဒုတိယ သမ္မတ ဟားရစ်ဆီ အသိပေး ပြောပြခဲ့ပါတယ်။ဒါအပြင် အောက်ခြေအဆင့် သန့်စင်စွမ်းအင် လုပ်ငန်းစဉ်တွေကို ငဲ့ညှာပေးတဲ့ အနေနဲ့ ဘိုင်ဒန်-ဟားရစ် အစိုးရက မဲခေါင်ဒေသမှာ အကြီးစား ရေအားလျှပ်စစ် ဆည်ကြီးတွေ တည်ဆောက်မှုကနေ ရှောင်ရှားပေးဖို့လည်း သူက​တောင်းဆိုခဲ့ပါတယ်။

ဒါမှသာ သံလွင်မြစ်ဟာ လွတ်လွတ်လပ်လပ်နဲ့ ဆက်လက် စီးဆင်းနိုင်မယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒုတိယ သမ္မတ ဟားရစ်က ​စော​​ပေါလ်စိန်ထွားဆီက သတင်းစကားကို အသိအမှတ် ပြုခဲ့ပြီး ရာသီဥတုဆိုင်ရာ ရေရှည်တည်မြဲတဲ့ ဖြေရှင်းမှုတွေကို ဖော်ဆောင်ဖို့အတွက် ဒေသခံတွေရဲ့ အသံတွေကို နားစွင့်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။