Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် မြစ်တော်ရွာကို စစ်အုပ်စုက ယနေ့နံနက် မီးရှို့ဖျက်ဆီး၊ အဘိုးအိုတစ်ဦးကို ပစ်သတ် သွား

စစ်ကောင်စီတပ်သည် မြစ်တော်ရွာ၌အဘိုးအိုတစ်ဦးကို ပစ်သတ်သွားကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

မြစ်တော်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ် ၊ ဓာတ်ပုံ-ARF
မြစ်တော်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ် ၊ ဓာတ်ပုံ-ARF

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်း၌ စစ်ကောင်စီတပ်က မြစ်တော်ကျေးရွာကို မီးရှို့သွားပြီး အဘိုးအိုတစ်ဦးကိုပါ ပစ်သတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ညက မြစ်တော်ကျေးရွာအတွင်း ညအိပ် ခဲ့သော အင်အား ၈၀ကျော်ပါ စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များအား ယနေ့နံနက် ၇ နာရီဝန်းကျင်က စတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်ကောင်စီတပ်သည် မြစ်တော်ရွာ၌အဘိုးအိုတစ်ဦးကို ပစ်သတ်သွားကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

“ဘယ်လိုပစ်သတ်တာလဲဆိုတာ အတိအကျ မသိရ‌ပါဘူး။ အမည် ဦးလှ၀င်းပါ။ အသက်က ခန့်မှန်း ၆၅နှစ် ဖြစ်တယ်လို့ သိရပါတယ်။ အိမ်ခြေကတော့ ၁၅ အိမ်ကျော် မီးရှို့သွားတယ်လို့ သိရပါတယ်။”ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု KURDAF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လက်နက်ကြီးငယ်များဖြင့်ပါ ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နံနက် ၉ နာရီခွဲခန့်တွင် ကံသစ်ရွာထဲ ရောက်ရှိသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေဘို-ခင်ဦးလမ်းပိုင်းနှင့် ခင်ဦး-ရေဦးလမ်းပိုင်းများအား လမ်းတစ်လျှောက်ကင်းပုန်းများချထားသည်။

နိုဝင်ဘာ ၁၅ ရက်ကစပြီး ခင်ဦးနယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၇ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်းကျေးရွာ၉ ရွာရှိ နေအိမ်၅၄၀ ကျော် မီးရှို့ဖျက်ဆီးသွားခဲ့သည်။ သတ်ဖြတ်ခံရသည့် ပြည်သူနှင့်ရဲဘော် ၁၈ ဦးထက်မနည်း ရှိသည်။ စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူ သောင်းချီရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။