Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် စစ်ကြောင်းဆက်ထိုးရန်ပြင်နေသည့် စစ်ကောင်စီတပ်ကို မိုင်းကွင်းနှစ်ကွင်းအတွင်း တိုက်ခိုက်

နိုဝင်ဘာ၂၄ ရက် ညပိုင်းက သာဝတ္ထိရွာ၌ ညအိပ်စခန်းချခဲ့သော စစ်ကောင်စီ အင်အား ၂၀၀ ကျော်သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ခွဲထွက် ကာ ဥယျာဥ်လမ်းကြောင်းနှင့် မြင်းကျလမ်းကြောင်းတို့အား တစ်ကြောင်းစီ ထွက်ခွာလာသည်။

မြင်းဒေါင်းကျေးရွာ စျေးဆိုင်ခန်းများအား မီးရှို့နေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မြင်းဒေါင်းကျေးရွာ စျေးဆိုင်ခန်းများအား မီးရှို့နေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မဟာမိတ်အဖွဲ့များ၏ မိုင်းကွင်းနှစ်ကွင်းအတွင်းသို့ ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှု အများအပြားရှိကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု KURDAF တာဝန်ခံက ပြောကြားသည်။

ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက် ၇နာရီဝန်းကျင်က ခင်ဦးမြို့နယ်၊ ပျူအင်အားကောင်းရာ ရွာသစ်ကုန်းကျေးရွာက စစ်ကြောင်းနှင့် မူးတိမ်ချောင်းရှိ စစ်အုပ်စုတို့ စစ်ကြောင်းထွက်လာချိန် မဟာမိတ်အဖွဲ့များ၏ မိုင်းကွင်း နှစ်ကွင်းထဲသို့ရောက် လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတ​ပ်သား ၂၀ဦးထက်မနည်း သေဆုံးကြောင်း KURDAF တာဝန်ခံက ပြောကြား သည်။

“ရွာသစ်ကုန်းကလည်း ပျူရွာပါ။ မူးတိမ်ချောင်းကလည်း သူတို့ ဝပ်ကျင်းပါ။ မူးတိမ်ချောင်းက အခု မိုင်းကွင်း အရှေ့ဘက်ပါ။စစ်ကြောင်းတွေ အကုန်လုံးက မြင်းဒေါင်းကို ဆုံနေတဲ့ သဘောမှာရှိပါတယ်။”ဟု KURDAF တာဝန်ခံက ပြောကြားသည်။

ယခုစစ်ဆင်ရေးကို KURDAF မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် TIGER LDF Khin U ၊ ဒို့ ညီနောင်(LDF ) နှင့် ဒေါင်းနီ (LDF) မဟာမိတ်ညီနောင် သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နိုဝင်ဘာ၂၄ ရက် ညပိုင်းက သာဝတ္ထိရွာ၌ ညအိပ်စခန်းချခဲ့သော စစ်ကောင်စီ အင်အား ၂၀၀ ကျော်သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ခွဲထွက် ကာ ဥယျာဥ်လမ်းကြောင်းနှင့် မြင်းကျလမ်းကြောင်းတို့အား တစ်ကြောင်းစီ ထွက်ခွာလာသည်။

ယနေ့မွန်းလွဲပိုင်းတွင် မြင်းဒေါင်းကျေးရွာ၌ ရောက်ရှိနေသော စစ်ကောင်စီတပ်များသည် စျေးတိုက်ခန်းများအား မီးရှို့နေကြောင်း၊ စစ်ကောင်စီတပ်သည် အဖွဲ့များခွဲကာ မကျီးအုပ်ရွာ၊ မြင်းကျရွာ၊ မြင်းဒေါင်းရွာ၊ အင်တိုင်းကြီးရွာများသို့ ရောက်ရှိနေကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံပြည်သူ များလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ခင်ဦးနယ် အနောက်ခြမ်းတွင် ကျေးရွာပေါင်း (၂၀) ကျော်ရှိ ပြည်သူပေါင်း နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကာ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။