Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်တွင် မြစ်တော်ရွာကို စစ်အုပ်စုက ယနေ့နံနက် မီးရှို့ဖျက်ဆီး၊ အဘိုးအိုတစ်ဦးကို ပစ်သတ် သွား

စစ်ကောင်စီတပ်သည် မြစ်တော်ရွာ၌အဘိုးအိုတစ်ဦးကို ပစ်သတ်သွားကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

မြစ်တော်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ် ၊ ဓာတ်ပုံ-ARF
မြစ်တော်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ် ၊ ဓာတ်ပုံ-ARF

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်း၌ စစ်ကောင်စီတပ်က မြစ်တော်ကျေးရွာကို မီးရှို့သွားပြီး အဘိုးအိုတစ်ဦးကိုပါ ပစ်သတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ညက မြစ်တော်ကျေးရွာအတွင်း ညအိပ် ခဲ့သော အင်အား ၈၀ကျော်ပါ စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များအား ယနေ့နံနက် ၇ နာရီဝန်းကျင်က စတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်ကောင်စီတပ်သည် မြစ်တော်ရွာ၌အဘိုးအိုတစ်ဦးကို ပစ်သတ်သွားကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

“ဘယ်လိုပစ်သတ်တာလဲဆိုတာ အတိအကျ မသိရ‌ပါဘူး။ အမည် ဦးလှ၀င်းပါ။ အသက်က ခန့်မှန်း ၆၅နှစ် ဖြစ်တယ်လို့ သိရပါတယ်။ အိမ်ခြေကတော့ ၁၅ အိမ်ကျော် မီးရှို့သွားတယ်လို့ သိရပါတယ်။”ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု KURDAF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လက်နက်ကြီးငယ်များဖြင့်ပါ ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နံနက် ၉ နာရီခွဲခန့်တွင် ကံသစ်ရွာထဲ ရောက်ရှိသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေဘို-ခင်ဦးလမ်းပိုင်းနှင့် ခင်ဦး-ရေဦးလမ်းပိုင်းများအား လမ်းတစ်လျှောက်ကင်းပုန်းများချထားသည်။

နိုဝင်ဘာ ၁၅ ရက်ကစပြီး ခင်ဦးနယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၇ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်းကျေးရွာ၉ ရွာရှိ နေအိမ်၅၄၀ ကျော် မီးရှို့ဖျက်ဆီးသွားခဲ့သည်။ သတ်ဖြတ်ခံရသည့် ပြည်သူနှင့်ရဲဘော် ၁၈ ဦးထက်မနည်း ရှိသည်။ စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူ သောင်းချီရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။