Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် နင်းမိုင်းထိမှန်၍ ကလေးငယ်သုံးဦး ဒဏ်ရာရပြီး တစ်ဦးစိုးရိမ်ရ

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ်ရှိ စစ်ရေး အရအရေးပါသော မိုးဗြဲမြို့ကို ယခုနှစ်စက်တင်ဘာလဆန်းပိုင်းကစ၍ စစ်ကောင်စီက အင်အားအလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။

(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Mobye Rescue Team)
(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Mobye Rescue Team)

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် နင်းမိုင်းထိမှန်၍ ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိပြီးတစ်ဦးမှာစိုးရိမ်ရကြောင်း Mobye Rescue Team တာဝန်ရှိသူက ပြောသည်။

မိုးဗြဲမြို့အနောက်ခြမ်းနေရာတစ်ခုတွင် ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်)နေ့လယ်က ဖြစ်ပွားခဲ့သော နင်းမိုင်းပေါက်ကွဲမှုကို Mobye Rescue Teamနှင့် တော်လှန်ရေးမဟာမိတ်များ ပူးပေါင်း၍ သွားရောက် ကယ်ထုတ်ခဲ့ခြင်းဟု ဆိုသည်။

(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Mobye Rescue Team)
(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – Mobye Rescue Team)

“စိုးရိမ်ရတဲ့ကလေးက ခေါင်းကိုထိတာ။ကျန်တဲ့ကလေးနှစ်ယောက်မှာ တစ်ဦးကပေါင်ထိတယ်။နောက်တစ်ဦးက ခြေထောက်ထိတာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထိုကြောင့် ပြည်သူများအနေဖြင့် ခရီးသွားလာပြုလုပ်ရာတွင် အထူးဂရုစိုက်ဆင်ခြင်ကြရန်Mobye Rescue Teamက သတိပေးသည်။

Public Service Announcement

Public Service Announcement

(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Mobye Rescue Team)
(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – Mobye Rescue Team)

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ်ရှိ စစ်ရေး အရအရေးပါသော မိုးဗြဲမြို့ကို ယခုနှစ်စက်တင်ဘာလဆန်းပိုင်းကစ၍ စစ်ကောင်စီက အင်အားအလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။

ထိုးစစ်ဆင်မှုများအတွင်း ဘုရားကျောင်းများနှင့် လူနေရပ်ကွက်များအတွင်းပါ နင်းမိုင်း၊တိုက်မိုင်းများကို အကြမ်းဖက်စစ်တပ်က အသုံးပြုထားသည့် ရုပ်သံဖိုင်မှတ်တမ်းများလည်း ထွက်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။