Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် မူးယစ်ဆေးပြားရောင်းဝယ်ဖြန့်ဖြူးသူထံမှ ဆေးပြား တစ်သောင်းကျော် PDF ဖမ်းဆီးရမိ

ရောင်း၀ယ်ဖြန့်ဖြူးသူကို အရေးယူဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ထားပြီး ၎င်းထံ တင်သွင်းသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်နိုင်ရန်ပြုလုပ်နေကြောင်း အသိပေးသည်။

ဓာတ်ပုံ - MOBYE PDF
ဓာတ်ပုံ - MOBYE PDF

မိုးဗြဲမြို့တွင် မူးယစ်ဆေးပြားရောင်းဝယ်ဖြန့်ဖြူးသူထံမှ ဆေးပြားအလုံးရေ တစ်သောင်းကျော် (၁၁,၂၀၀) ဖမ်းဆီးရမိကြောင်း MOBYE PDF တပ်ရင်း (၂)က ယနေ့(နိုဝင်ဘာ ၇ ရက်) ထုတ်ပြန် သည်။

မိုးဗြဲမြို့ ဒေသတွင်း တစ်နေရာတွင် အရပ်သား သတင်းပေးမှုဖြင့် ကျေးရွာလူကြီးတို့နှင့်ပူးပေါင်းကာ MOBYE တပ်ရင်း (၂)၊ ကရင်နီ အမျိုးသား များကာကွယ်ရေးတပ်(KNDF) B-03 ပူးပေါင်းကာ ယခုလ ၃ ရက်က မူးယစ်ဆေးပြား (WY) ရောင်း၀ယ် ဖြန့်ဖြူးသူကို သွားရောက်ဖမ်းဆီးခဲ့ ကြောင်းဖော်ပြသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးပြားများကို ဖမ်းမိသည့်နေရာ၌ပင် မီးရှို့ဖျက်စီးခဲ့သည်ဟု ဆိုသည်။

ရောင်း၀ယ်ဖြန့်ဖြူးသူကို အရေးယူဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ထားပြီး ၎င်းထံ တင်သွင်းသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်နိုင်ရန်ပြုလုပ်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲ နှင့်ဖယ်ခုံ မြို့များအပါအဝင် ကရင်နီ (ကယား) ပြည်နယ်ဒေသတွင်းစစ်အာဏာရှင်ကို တော်လှန် သည်သာမက လူကိုအညွှန့်တုံးစေသော မူးယစ်ဆေးဝါးများတိုက်ဖျက်နိုင်ရန် ကရင်နီပူးပေါင်း တပ်များက ဖမ်းဆီးအရေးယူလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။