Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် မူးယစ်ဆေးပြားရောင်းဝယ်ဖြန့်ဖြူးသူထံမှ ဆေးပြား တစ်သောင်းကျော် PDF ဖမ်းဆီးရမိ

ရောင်း၀ယ်ဖြန့်ဖြူးသူကို အရေးယူဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ထားပြီး ၎င်းထံ တင်သွင်းသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်နိုင်ရန်ပြုလုပ်နေကြောင်း အသိပေးသည်။

ဓာတ်ပုံ - MOBYE PDF
ဓာတ်ပုံ - MOBYE PDF

မိုးဗြဲမြို့တွင် မူးယစ်ဆေးပြားရောင်းဝယ်ဖြန့်ဖြူးသူထံမှ ဆေးပြားအလုံးရေ တစ်သောင်းကျော် (၁၁,၂၀၀) ဖမ်းဆီးရမိကြောင်း MOBYE PDF တပ်ရင်း (၂)က ယနေ့(နိုဝင်ဘာ ၇ ရက်) ထုတ်ပြန် သည်။

မိုးဗြဲမြို့ ဒေသတွင်း တစ်နေရာတွင် အရပ်သား သတင်းပေးမှုဖြင့် ကျေးရွာလူကြီးတို့နှင့်ပူးပေါင်းကာ MOBYE တပ်ရင်း (၂)၊ ကရင်နီ အမျိုးသား များကာကွယ်ရေးတပ်(KNDF) B-03 ပူးပေါင်းကာ ယခုလ ၃ ရက်က မူးယစ်ဆေးပြား (WY) ရောင်း၀ယ် ဖြန့်ဖြူးသူကို သွားရောက်ဖမ်းဆီးခဲ့ ကြောင်းဖော်ပြသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးပြားများကို ဖမ်းမိသည့်နေရာ၌ပင် မီးရှို့ဖျက်စီးခဲ့သည်ဟု ဆိုသည်။

ရောင်း၀ယ်ဖြန့်ဖြူးသူကို အရေးယူဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ထားပြီး ၎င်းထံ တင်သွင်းသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်နိုင်ရန်ပြုလုပ်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲ နှင့်ဖယ်ခုံ မြို့များအပါအဝင် ကရင်နီ (ကယား) ပြည်နယ်ဒေသတွင်းစစ်အာဏာရှင်ကို တော်လှန် သည်သာမက လူကိုအညွှန့်တုံးစေသော မူးယစ်ဆေးဝါးများတိုက်ဖျက်နိုင်ရန် ကရင်နီပူးပေါင်း တပ်များက ဖမ်းဆီးအရေးယူလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့