Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ် လေသာရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်၍ လူတစ်ဦးနှင့် ကိုရင်တစ်ပါး ဒဏ်ရာရ

လေကြောင်း တိုက်ခိုက်မှု၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီးရွာများကို မီးရှို့မှုကြောင့် ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲများ ကြုံနေရသည်ဟုဆိုသည်။

အင်ကြင်းကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - TR
အင်ကြင်းကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - TR

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် လေသာကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်း၌ လေကြောင်းက တိုက်ခိုက်ခဲ့၍ လူထိခိုက်မှု ရှိပြီး ဒဏ်ရာရသူအချို့ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ ဘုရားကုန်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့တွင် လေသာရွာ ဘုန်းကြီးကျောင်းနှင့် ရွာကို ထပ်မံ လေကြောင်းက တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

“အလယ်တော အုပ်စုထဲက လေသာကျေးရွာ ဘုန်းကြီးကျောင်းကို ကြဲသွားတယ်။ ရွာထဲကို ကြဲသွားတယ်။ လေယာဉ် ၂စီးနဲ့။ အဲဒီက ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူတစ်ယောက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ကြားရပါတယ်။ ကိုရင်လေးတစ်ပါးလည်း ထိခိုက်တယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ် ဆူးပုတ်ချောင်ရွာကို နိုဝင်ဘာ ၂၅ရက်က မီးရှို့ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် အင်ကြင်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ယနေ့နေ့လည်ပိုင်း၌လည်း စစ်ကောင်စီတပ်က အလယ်တောရွာကို မီးရှို့နေပြီဟု ယူဆရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အခု အလယ်တောရွာကို ဆက်ပြီး မီးရှို့ပြီလားတော့ မသိဘူးဗျ။ မီးခိုးတွေ မှောင်ထနေတာ။ အင်ကြင်းကုန်း နဲ့ အလယ်တောဆိုတာ ဆက်လျက်ပါဗျ။” ဟု ဒေသခံက ပြောသည်။

လေကြောင်း တိုက်ခိုက်မှု၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီးရွာများကို မီးရှို့မှုကြောင့် ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲများ ကြုံနေရသည်ဟုဆိုသည်။

“အခုလေကြောင်း တိုက်ခိုက်မှု လုပ်ရပ်ကတော့ဗျာ ကျနော်တို့ ပြည်သူ အကုန်လုံးကစစ်ဘေးတွေရှောင်ရ။ ဘယ်ကို ပြေးလို့ပြေးရမှန်းကို မသိပါဘူး။ ကျနော်တို့ မြို့နယ်လေးက ကျဉ်းကျဉ်းလေးဆိုတော့ ။ အဲဒါမျိုး စစ်ဘေးဒုက္ခတွေ တအားကြီး ကြုံနေရပါပြီ”ဟု ထီးချိုင့်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။