Connect with us

Hi, what are you looking for?

သတင်း

UWSAဌာနချုပ် ပန်ဆန်းမြို့ကားဂိတ်၌ ပေါက်ကွဲမှုဖြစ်၊ လူထိခိုက်သေဆုံးမှုရှိ

ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး UWSA က တရားဝင်ထုတ်ပြန်မှု မရှိသေးသကဲ့သို့ UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းထံသို့ ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။

UWSAဌာနချုပ် ပန်ဆန်းမြို့ကားဂိတ်၌ ပေါက်ကွဲမှုဖြစ်၊ လူထိခိုက်သေဆုံးမှုရှိ
UWSAဌာနချုပ် ပန်ဆန်းမြို့ကားဂိတ်၌ ပေါက်ကွဲမှုဖြစ်၊ လူထိခိုက်သေဆုံးမှုရှိ

၀လက်နက်ကိုင်တပ်ဖွဲ့(UWSA)ဌာနချုပ် ပန်ဆန်း (ပန်ခမ်း)၌ ယနေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ပန်ဆန်းမြို့သတင်းရင်းမြစ် များက ပြောသည်။

ပန်ဆန်းမြို့ရှိ ကားဂိတ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်သုံးဦးက ပြောကြားသော်လည်း ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးဟု ပြောသည်။

“ကားဂိတ်မှာ ဒီနေ့ကပေါက်တာ။ ဘယ်လိုပေါက် တာလဲတော့ မသိဘူး ဂက်(စ်)ပေါက်လား မသိဘူး။ ဘာပေါက်လားမသိဘူး။ အခုက မသေချာပါဘူး”ဟု ပန်ဆန်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိပြီး သေဆုံးသူ နှစ်ဦးရှိသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပန်ဆန်းမြို့ခံတစ်ဦးကလည်း “ကားဂိတ်အသစ်မှာဖြစ်တာ။ မြို့ထဲက ကားဂိတ်မဟုတ် ဘူး။ ကားဂိတ်က မြို့ပြင်နားမှာ။ မြို့ပြင်နားမှာ ဖြစ်တာ။ သူတို့ ပြောတာတော့ ထိတယ်လို့ပြောတယ်။ ထိတာသုံးယောက်ရှိတယ်လို့ပြောတယ်။ ဘယ်လိုဘယ်လိုလဲ အသေအချာတော့မသိဘူး”ဟု ပြောသည်။

Public Service Announcement
Public Service Announcement

ပန်ဆန်းမြို့မှ ကားဆရာတစ်ဦးကလည်း “ပေါက်ပွဲမှု ဖြစ်တာဟုတ်တယ်။ ကျကျနန ကျွန်တော်မသိသေးဘူး။ ကျွန်တော်ကားနဲ့ ဖြတ်ကျော်တဲ့အချိန် သူတို့ သိမ်းကျုံးနေတဲ့အချိန်ပဲ။ ကျွန်တော်ပြောတယ် ဘာဖြစ်တာတုန်း ဒီနားလေးမှာ။ မီးလောင်မှု ဖြစ်တာလား ဟိုဟာ ကျွန်တော်တို့ ဗမာပြည်လိုမျိုးကျူးကျော်နေရာ အိမ်ဖျက်တာလားလို့။ အဲဒါစဉ်းစားပြီးမှ ဖြည်းဖြည်းမောင်းလာတာ။ ကားလည်း တအားရှုပ်နေလို့ ကျော်ခဲ့လိုက်တာ”ဟု ပြောသည်။

အဆိုပါ ပန်ဆန်းပေါက်ကွဲမှုသည် UWSA ရှေ့တန်းတပ်များအတွက် ပေးပို့မည့် ခဲယမ်းများ တင်ဆောင် ထားသော ကားတစ်စီးပေါ်တွင် ဖြစ်ပွားခဲ့သည်ဟုသိရကြောင်း ဧရာ၀တီ သတင်းဌာနက ဖော်ပြထားပြီး မဲခေါင်သတင်းဌာကမူ ကားဗုံးပေါက်ကွဲမှုကြောင့်ဟု ဖော်ပြထားသည်။

မဲခေါင်သတင်းဌာနက ဖော်ပြသည့် ဓာတ်ပုံ မှတ်တမ်းနှင့် ရုပ်သံမှတ်တမ်းတွင် ပေါက်ကွဲမှုကြောင့်အပျက် အဆီးများစွာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပြီး သေဆုံးထိခိုက်သူအချို့ကို ၀တပ်ဖွဲ့ ကားပေါ်တင်နေသည်ကို တွေ့ရသည်။

ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး UWSA က တရားဝင်ထုတ်ပြန်မှု မရှိသေးသကဲ့သို့ UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းထံသို့ ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။